ခမ်းသားငေါဝ်း၊ မေ ၂၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ဆန်နှင့် ဆေးဝါးများကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပြုကြောင်း မေလ၂ရက်နေ့တွင် ဒေသခံများ ပြောပြချက်အရ သိရသည်။
ပင်လောင်းမြို့ကို အဓိကဆက်သွယ်ထားသည့် အောင်ပန်းဂိတ် တီကျစ်မြို့ရှိ နဂါးဘီလပ်မြေရှေ့ရှိ ဂိတ် နှင့် ပင်လောင်းမြို့အဝင် ဂိတ်တို့တွင် တင်းကြပ် စစ်ဆေးလျက်ရှိပြီး ဆန်နှင့် ဆေးဝါးအပြင် အခြား ကုန်ပစ္စည်းများလည်း အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ရှိကြောင်းသိရသည်။
” အဓိက စစ်တာက သုံးနေရာပေါ့ အောင်ပန်း ၊နဂါဘီးလပ်မြေစက်ရုံနားဂိတ်နဲ့ ပင်လောင်းမြို့အဝင်ဂိတ်ပေါ့နော် အချို့က ဆေးတွေ အများကြီးသယ်လာကြတာရော အဲလိုဆို သူတို့မြင်ရင် သူတို့ယူသွားတယ်ဆေးမှ မဟုတ်ဘူး ဆန် အဝတ်အထည်ဆိုလည်း အများကြီးသယ်သွားရင် သူတို့သိမ်းတယ် “ဟု ကိုယ်တိုင်ကြုံတွေ့ ရသူ တစ်ဦးကပြောသည်။
ပင်လောင်းဒေသသည် ယခုတွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး ယခင်ကတည်းက ဆေးဝါး ဆန် စသည့် လူသုံးကုန်အမျိုးမျိုးကို အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့်ရှိကြောင်း ဒေသခံများကပြောသည်။
၂၀၂၂ခုနှစ်တွင်လည်း ပင်လောင်းဒေသရှိ စစ်ဘေးရှောင်များကို အရေးပေါ် ဆေးဝါးများ မရောင်းပေးရန် ရောင်းခဲ့ပါက ထောက်ခံစာပါရှိမှ ရောင်းပေးရန်လည်း စစ်ကောင်စီးများက ဆေးဆိုင်များကို ပြောထားကြောင်းသိရသည်။
ပင်လောင်းမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် ရေရှားပါးမှုကြောင့် အရေပြားရောဂါများ၊ ဝမ်းလျှော ဝမ်းပျက်ဖြစ်ပွားမှု၊ ရေယုန်၊ ရေကျောက်ရောဂါများဖြစ်ပွားနေသည့်အတွက် ကာကွယ်ကုသရန်ဆေးဝါးများ လိုအပ်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *