ခမ်းသားငေါဝ်း၊ ဧပြီ ၃၀၊ ၂၀၂၃
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ကျေးရွာအချို့တွင် တက်ကြွလှုပ်ရှားသူများကို တော်လှန်ရေးတွင် မပါဝင်ရန် စစ်ကောင်စီက ခံဝန်လက်မှတ်ထိုးခိုင်းသည့် ဖိအားပေးမှုများရှိနေကြောင်း ဧပြီလ ၃၀ရက်နေ့က သိရှိရသည်။
လက်ရှိအခြေအနေအရ စစ်ကောင်စီလက်အောက် မြို့နယ်ရဲစခန်းတွင် ခံဝန်ထိုးရသူများ အချို့ရှိနေပြီး ခံဝန်မထိုးပါက မိသားစုများကိုဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများရှိ‌ကြောင်း ဒေသခံများထံမှ သိရသည်။
” ကျွန်တော်သိသလောက်ခံဝန်သွားထိုးရတာ ခြောက်ယောက်လောက်ရှိနေပြီး နေအိမ်မီးရှို့ခံရသူတွေလည်း စကစဆီမှာ ခံဝန်ထိုးရသူတွေရှိတယ်မိသားစုကို ဖမ်းဆီးခြိမ်းခြောက်ပြီး ခံဝန်ထိုးဖို့ ဖိအားပေးခံရသူ လည်းရှိတယ် ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးဌာနများသည် ရွာငံဒေသခံပြည်သူလူထုများအပေါ် သူတို့၏အလိုကျ ဖိအားပေးလုပ်ဆောင်မှု ဆက်တိုက်ပြုလုပ်လာသည်ကို ထပ်ဆင့်ပြုလုပ်လာခြင်းဖြစ်‌ကြောင်း ၄င်းက ဆက်ပြောပါသည်။
တော်လှန်းရေးအရှိန်‌ လျော့ကျစေရန် ရည်ရွယ်ပြီး ယခင်တွင်လည်း နဘန်းကြီးရွာ၊ ကျောက်ဂူပြင်ရွာ၊ ငွေတောင်ရွာ၊ တဖန်းပင်ရွာ ၊ ငှက်သောက်ရွာ ၊ ငှက်ပျောတော ကျေးရွာမှတက်ကြွလှုပ်ရှားသူများကို ခံဝန်လက်မှတ်ထိုးခိုင်းခြင်းရှိခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *