ခမ်းသားငေါဝ်း၊ ဧပြီလ ၂၇ ၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ဝင်ဂိတ်တွင် စစ်ကောင်စီက အတင်းအဓမ္မ ငွေတောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
ပင်လောင်းမြို့အဝင်ရှိ စစ်ကောင်စီဂိတ်တွင် စစ်ဆေးမေးမြန်းခြင်း ၊ငွေအတင်းအဓ္ဓမတောင်းခံခြင်းပြုလုပ်နေကြောင်း သိရသည်။
“တစ်ချို့က မြို့ဝင်ကြေးပဲပေးရတာ အခုကမြို့ဝင်ကြေးတောင်းတာထက်ပိုတယ် အသွားလည်း‌ တောင်းတယ် အပြန်လည်းတောင်းတယ် မရရင် ဆဲဆိုတာတွေလည်းလုပ်တယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ပင်‌လောင်းမြို့တွင် မြို့ဝင်ဂိတ်တစ်ခုနှင့် ရင်းမှီး ပေါင်းလောင်းလမ်းခွဲဂိတ်တစ်ခု စစ်ကောင်စီကနေရာယူထားကြောင်း သိရသည်။
ပင်လောင်းမြို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသဖြစ်သော်လည်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စစ်ကောင်စီက ငွေတောင်းခံမှုရှိနေကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အ‌ရှေ့ဖက်တွင် စစ်ကောင်စီနှင့် အင်းလေးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲ၊ တောင်ဖက်တွင် စစ်ကောင်စီနှင့် KNDF တပ်ပေါင်းစုများ တိုက်ပွဲဖြစ်ပွားမှုများ ရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုများက ယခင်ထက်ပိုပြီး လူအခွင့်အရေးချိုးဖောက်ခံနေရကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *