ခမ်းသားငေါဝ်း၊ ဧပြီ ၂၇၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် နွေရာသီရေရှားပါးမှုပြဿနာကြောင့် ဒေသခံများ ရေအခက်အခဲကြုံတွေ့နေရကြောင်း ဧပြီလ ၂၇ ရက်နေ့က သိရသည်၊၊
ဒေသခံများအတွက် သောက်သုံးရေကို ချွေတာသုံး၍ လုံလောက်သော ပမာဏတွင်ရှိသော်လည်း တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အခက်အခဲများရှိကြောင်း ဆီဆိုင်ဒေသခံတစ်ဦးထံမှ သိရသည်၊၊
စစ်ရှောင်များလည်း ရေရှားပါးမှုပြဿာနာကို ရင်ဆိုင်နေရသော်လည်း အလှူရှင်အနည်းငယ်လာရောက်လှူဒါန်းမှုရှိနေကြောင်း သိရသည်၊၊
” ဆီဆိုင်ဘက်ရွာတွေ တော်တော်များများ ရေရှားမှုပြဿာနာတွေဖြစ်နေတယ် သောက်သုံးဖို့ကရှိတယ် ဒါပေမယ့် အခြားသုံးဖို့ကမရှိဘူး ရာသီဥတုကပူတာလည်းပါတယ် ကျန်းမာရေးထိခိုက်တာမျိုးလည်း တွေ့ရတယ် အဲဒါကြောင့် ကျွန်တော်တို့က အလှူရှင် တွေ ရေလာကူညီတာ မျှော်လင့်ရတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်၊၊
ရာသီဥတုပူပြင်းပြီး တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ရေအလုံအလောက် မသုံးရခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုရှိပြီး အဓိက အရေပြားယားခြင်း၊ ဝမ်းလျောခြင်းများ ဖြစ်နေကြောင်း သိရသည်၊၊
“ပြီးခဲ့တဲ့နှစ်တွေက အနီးအနားမှာရှိတဲ့ ပရဟိတအဖွဲ့က လာလှူတာရှိတယ် ဒီနှစ်က စစ်ရှောင်ဘက်ကူညီတဲ့သူ အနည်းငယ်တော့ရှိတယ် ရွာတွေဘက်က လာကူညီတာတော့မရှိသေးဘူး”ဟု ဆီဆိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်၊၊
ထိုဒေသတွင် ရေထွက်ဦးများ မရှိသကဲ့သို့
အဝီစိတွင်းတူးရန် မြေအောက်တွင် ဂလှိုင်များသာရှိပြီး တူးမရကြောင့် သိရသည်၊၊