ပင်လောင်းမြို့နယ်နှင့် နောင်တရားဒေသရှိ လူငယ်များ ယခင်နှစ်ထက် နိုင်ငံခြားသွားသူပိုများလာ
ခမ်းသားငေါဝ်း။ မေလ ၃၁၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ လူငယ်အများစုသည် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုမှ ရင်ဆိုကြုံတွေ့ရသည့် စားဝတ်နေရေးအခက်အခဲများကြောင့် ယခင်နှစ်များထက် နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်သူပိုများလာကြောင်း ဒေသခံသတင်းအမြစ်ထံမှ သိရသည်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကုန်စျေးနှုန်းများ အဆမတန် မြှင့်တက်ပြီး စားဝတ်နေရေးရုန်းကန်းရသည့်အတွက် လူလတ်ပိုင်းနှင့်လူငယ်များက နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်သူ ပိုများလာရကြောင်း သိရသည်။ “အခုဆိုရင် အလုပ်အကိုင်လည်း ကျပ်တည်းလာတယ် လူငယ်အချို့လည်း လမ်းပျောက်လာကြတယ် ပတ်စပို့လုပ်လာတာတို့…