ခမ်းသားငေါဝ်း၊ ဧပြီ ၂၃၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသ ဖေဖော်ဝါရီလ ၂၄ရက်က စပြီး ဖြစ်ပွားခဲ့သောတိုက်ပွဲသည် ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စ်ဖက် လက်နက်ကြီးအပြင် လေကြောင်းဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ‌ ဒေသတွင်းရှိ ဘာသာရေး ဘုန်းကြီးကျောင်း ၃ လုံးထိခိုက်ပျက်စီးခဲ့ရကြောင်း ဧပြီလ ၂၃ ရက်နေ့တွင် သိရသည်။
တောင်စလုံး၊တောက်မဲသင်း၊နမ့်နိန်း ကျေးရွာရှိဘုန်းကြီးကျောင်းများသည် လက်နက်ကြီး၊လက်နက်ငယ်ထိပြီး မီးလောင်ပျက်စီးခဲ့ရသလို ကျောင်းပရဝုဏ် အတွင်းရှိ ဆွမ်းစားဆောင်၊ သိမ်ကျောင်းနှင့် သံဃာများနေသည့်အဆောင် စသည့် ဘာသာရေးအဆောက်အဦးများ ထိမှန်ပျက်စီးခဲ့ရကြောင်းသိရသည်။
” ဘုန်ကြီးကျောင်းတွေ ပျက်စီးတာက မတ်လတုန်းကတည်းက တိုက်ပွဲစတင်ဖြစ်ပွားတဲ့အချိန်ပေါ့ စစ်ကောင်စီက PDFတွေရှိတယ်ဆိုတဲ့အထင်နဲ့ ပစ်တာလား။ တမင်သက်သက်ဘဲ ပစ်တာလားမသိဘူး ဘုန်းကြီးကျောင်းတွေ လူနေကျေးရွာဖက်ကိုဘဲ ဦးတည်တာများတယ် “ဟု တော်လှန်ရေးအင်အားစုမှ ရဲဘော်တစ်ဦးကပြောသည်။
ပင်လောင်းတွင် ဖေဖော်ဝါရီ ၂၄ရက်ကစပြီး တိုက်ပွဲစတင်ပြင်းထန်ခဲ့ပြီး ၂လကျော်ကြားတိုက်ပွဲအတွင်းသံဃာတော်၃ပါး အပါအဝင်အရပ်သားပြည်သူ ၃၀ကျော် သေဆုံးခဲ့ရသည့်အပြင် အရပ်သား နေအိမ် ၂၀၀ ကျော်လည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်းသိရသည်။
ယခုတွင် ပင်လောင်းမြို့ကနေ ကရင်နီပြည်ကို စစ်ကြောင်းထိုးနိုင်ဖို့ ကြိုးစားနေသော စစ်ကောင်စီနှင့် အပေါင်းအပါတပ်ကို ကရင်နီတော်လှန်ရေးအင်အားစုများက တွန်လှန်တိုက်ခိုက်နေပြီး ယနေထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *