ခမ်းသားငေါဝ်း၊ ဧပြီ ၂၄၊ ၂၀၂၃
ထိုင်းနှင့်မြန်မာနယ်စပ်တွင် တောမီးလောင်မှုဖြစ်ပွားရာမှ မီးခိုးများ လေထုညစ်ညမ်းမှုများဖြစ်လာ‌ပြီး ဒေသခံများအသက်အန္တရာယ်ထိခိုက်နိုင်ခြေ ပိုများလာနိုင်ကြောင်း ဧပြီလ(၂၄)ရက်နေ့က သိရသည်။
ယင်းတောမီးရှို့မှုသည် ပြီးခဲ့သည့်မတ်လမှ ယခုဧပြီလကုန်အထိဖြစ်ပွား‌နေခဲ့ပြီး အငြင်းပွားဖွယ်ရာဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။
“ဒီတောမီးလောင်မှုကနေ လေထုညစ်ညမ်းမှုတွေက လူတွေသေစေတာမရှိသေးပေမဲ့ ခရီးသွားလာသူ တွေက မသွားမလာရဲတော့တာတွေရှိတယ်၊ မီးခိုးမြူတွေကြောင့် ခရီးသွားအချို့မူးလဲပြီးဆေးရုံတင်ရတာတွေရှိပါတယ်”ဟု နယ်စပ်ရှိအမည်မဖော်လိုသူအမျိုးသားတစ်ဦးကပြောသည်။
မတ်လ ဒုတိယပတ်အတွင်း တောမီးလောင်ရာမှ လေထုညစ်ညမ်းမှုကြောင့် ချင်းမိုင်မြို့တွင် ဧပြီလ(၇)ရက်နေ့၌ မြို့တော်ဝန်က နေအိမ်အတွင်းနေပြီး အလုပ်လုပ်ကြရန်လည်း အမိန့်စာထုတ်ပြန်ခဲ့သည်။
ယင်းတောမီးလောင်မှုသည် ရှမ်းပြည်နယ်ဘက်ရှိ စိုက်ပျိုးမြေဧရိယာများအတွင်းမှတဆင့် စတင်လောင်ကျွမ်းမှုဖြစ်ကြောင်း ထိုင်းသတင်းစာမျက်နှာများတွင် ဖော်ပြထားသည်။
ထိုဖြစ်စဥ်နှင့်ပတ်သက်ပြီး ယနေ့ဧပြီလ(၂၄)ရက်နေ့အထိ အငြင်းပွားဖွယ်ရာများ ဖြစ်ပွားလျက်ရှိနေကြောင်း နယ်စပ်ရှိသူများထံမှ သိရသည်။
ဖြစ်ပွားရခြင်း၏အကြောင်းရင်းသည် သစ်တောဧရိယာအတွင်းရှိ သစ်တောထွက်ပစ္စည်း ကုန်ကြမ်းများရှာဖွေခြင်း၊ တောနှင့်နီးစပ်သည့်ဒေသခံများနှင့်တောအတွင်းနေထိုင်သူ၏ အမဲလိုက်ခြင်းမှ ဖြစ်ပွားရသည်ဟု ဒေသခံအချို့က ပြောဆိုကြသည်။
“စိုက်ပျိုးရေးသမားအများစုကလည်း လာမယ့်ဒီမိုးရာသီမှာ သီးနှံတွေအဆင့်သင့်စိုက်ပျိုးနိုင်ရေးအတွက် ကုန်ကျလည်းသက်သာအောင်ဆိုပြီး တောင်ယာရှင်းတာ ပေါင်းသတ်တာတို့တွေတော့လုပ်တယ်၊ သို့သော်စိုက်ပျိုးမြေဧရိယာနဲ့
တောမြေဧရိယာကအများကြီးကွာပါတယ် ၈၀-၈၅ ရာခိုင်နှုန်းကသစ်တောဧရိယာတွေပါ၊နောက်ပြီးတော့ဒီကစိုက်ပျိုးရေးသမားတွေက ဥပမာပြောင်းခင်းတွေပေါ့နော်။ ရိတ်သိမ်းပြီးရင်မီးမရှို့ဖို့ မီးရှို့ရင်သဘာဝမြေဆီလွှာပျက်စီးမှုတွေ ဖြစ် စေတယ်လို့‌တော့ ပြောထားတယ်၊ဗဟုသုတရအောင်စာစောင်တွေလည်းဖြန်ဝေပေးတယ်”ဟု၎င်းနေရာရှိစိုက်ပျိုး ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ခမ်းသားငဝ်းကိုပြောသည်။
မတ်လနှင့်ဧပြီနှစ်လသည် အပူချိန်ပြင်းထန်သည့် အတွက် တောတောင်အတွင်းသစ်ရွက်သစ်ခြောက်များကို လေတိုက်ရာမှမီးလောင်မှုဖြစ်ပွားနိုင်ခြင်းနှင့်ယခုတောမီးလောင်ရာတွင် စိုက်ပျိုးတောင်သူများအား ပြစ်တင်ပုံချမှုမျိုးမဖြစ်သင့်ကြောင်းလည်း ၎င်းကဆက်ပြောထားသည်။
လေထုလေညမ်းမှုများလာခြင်း၊ အပူချိန်မြင့်တက်လာခြင်း နှင့် အပူချိန်ပြင်းထန်လာခြင်းသည်လူတို့၏လုပ်ရပ်ကြောင့်ဖြစ်ပွားရသည် ဟု အချို့ကသုံးသပ်ထားကြသည်။
ယင်းနေရာများတွင်နှစ်စဥ်တောမီးလောင်မှုဖြစ်ပွားသော်လည်းယခု၂၀၂၃ခုနှစ်တွင် ယခင်နှစ်များထက် လေထုညစ်ညမ်းမှု (၆၆)ဆပိုမြင့်တက်လာခြင်း ကြောင့် ယခုနှစ်နွေရာသီ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးအထိရောက်လာခဲ့ပြီး လူ၏အသက်အန္တရာယ်ထိခိုက်လာမည်ကို စိုးရိမ်နေကြရသည်။
ပြီးခဲ့သည့်ဧပြီလပထမပတ်အတွင်း၌လည်း ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင်နှင့် ထိုင်းနိုင်ငံတွင် လေထုအရည် အသွေး (၃၅၀ ) ကနေ(၅၀၀)ကြားရှိနေကြောင်း ကမ္ဘာ့လေထုအညွှန်းကိန်းပြဝက်ဘ်ဆိုက်တွင်ဖော်ပြခဲ့သည်။
ယခုဖြစ်ရပ်ကြောင့်လူအသက်ထိခိုက်မှုများလာနိုင်သည့်အတွက် ထိန်းချုပ်နိုင်ရန်တာဝန်ရှိသူများနှင့်ပြည်သူများပူပေါင်းပြီး အဖြေရှာဖွေကာ အတူ
ဆောင်ရွက်သင့်ကြောင့် ယင်းဒေသခံများ၊ စိုက်ပျိုးရေးသမားများက ဆန္ဒရှိနေကြကြောင်းသိရသည်။
Phot-Chiang Mai News

Leave a Reply

Your email address will not be published. Required fields are marked *