ခမ်းသားငေါဝ်း၊ ဧပြီ ၂၃၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် မိုသီးရွာပြီး လေပြင်းတိုက်သောကြောင့် စစ်ရှောင်စခန်း အဆောက်အုံများပျက်စီးခဲ့ကြောင်း ဧပြီလ ၂၃ရက်နေ့တွင်သိရသည်။
ဧပြီလ ၂၁ရက်နေ့နှင့် ဧပြီလ ၂၂ရက် နှစ်ရက်ဆက်တိုက်မိုးရွာပြီး လေးပြင်းတိုက်သည့်အ့ပြင် ၂လက်မခန့်ရှိသော မိုးသီးများ ကျသောကြောင့် စစ်ရှောင်စခန်းရှိအဆောက်အအုံများ မိုးကာပေါက်ပြဲပြီး ခေါင်မိုးများလှန်ပျက်စီးခဲ့ကြောင်းသိရသည်။
” ဆီဆိုင်မှာ လေအရမ်းပြင်းတယ် လေပြင်းတိုက် မိုးသီးအရမ်းမာတော့ စစ်ရှောင်စခန်းမပြောနဲ့ အိမ်ခေါင်မိုးတွေတောင် လှန်ကုန်တယ် လေထဲ့လွင့်ကုန်ကြတယ် မလှန်တဲ့အိမ်ဆိုလည်း သွပ်တွေပေါက်ကြတယ် ” ဟု ဆီဆိုင်မြို့နေ ဒေသခံတစ်ဦးကပြောသည်။
ထိုပျက်စီးသွားသော စစ်ရှောင်စခန်းကို ပြန်လည်ပြုပြင်ရန်အတွက် မိုးကာနှင့် သွပ်များ လိုအပ်လျက်ရှိကြောင်းသိရသည်။
ထိုအပြင် ဧပြီလ ၂၁ရက်နေ့ ညနေပိုင်း မိုးကြီး လေပြင်းကြောင့် ပအိုဝ်းဒေသ အထင်ကရနေရာတစ်ခုဖြစ်သည့် ကက္ကူကျေးရွာ လိုင်ကွန်းဟိုတယ်ဝင်းအတွင်း နှစ်တစ်ရာသက်တမ်းရှိပြီဖြစ်သော ညောင်ပင်ကြီး လဲကျသောကြောင့် ဟိုတယ်ဝင်းအတွင်းရှိ အဆောက်အဦးအချို့လည်း ပျက်စီးခဲ့ကြောင်းသိရသည်။
ဧပြီလ ၁၇ရက်နေ့တွင်လည်း ဆီဆိုင်မြို့နယ် ကယန်းလေးရွာတွင် မိုးကြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃၀ ကျော် ပျက်စီးခဲ့ပြီး ပျက်စီး သည့်အိမ်များကို ပြန်လည်ပြုပြင်ရန်အတွက်အကူအညီများလိုအပ်လျက်ရှိကြောင်းသိရသည်။

You missed