———————
ခမ်းသားငေါဝ်း၊ ဧပြီ ၂၀၊ ၂၀၂၃
မြန်မာနိုင်ငံတွင်နေ့အပူအချိန်မြင့်တက်လာနေသည်နှင့် အမျှနိုင်ငံတစ်ဝှမ်းတွင်လည်းအပူချိန်တိုးလာ နိုင်ကြောင်း ဧပြီလ ၁၉ရက်နေ့တွင် မိုးလေဝသ ခန့်မှန်းသူတစ်ဦးက သုံးသပ်ပြောဆိုထားသည်။
မိုးလေဝသထုတ်ပြန်ချက်များအရ မေလနှင့် ဇွန်လ တွေမှာမိုးခေါင်နိုင်သည့်အခြေအနေ(ဆည်ရေတွေခန်းတာ၊ မြေဆီလွှာစိုထိမ်းမှုတွေ လျော့ကျတာစသဖြင့်) တွေက အလယ်ပိုင်း၊ အထက်အညာဒေသတွေမှာ ဆိုးလာနိုင်သဖြင့် သောက်ရေ သုံးရေတွေ ကြိုတင်ပြင်ဆင်ထားနိုင်ရန်လည်း အသိပေးထားပါသည်။
” သင်္ကြန်မိုးမရွာနိုင်တာလည်း Neutral ENSO ဖြစ်သွားလို့ပြောနိုင်တယ်၊ မုတ်သုံဝင်တာလဲ ပုံမှန်အချိန်ဖြစ်သွားမယ်၊ ဇွန်လထဲပေါ့” လို့ နိုင်ငံတကာ မိုးလေဝသထုတ်ပြန်ချက်များကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးသူဦးဝင်းနိုင်က ဆိုသည်။
အပူချိန်တက်လာမှုတွေကိုလေ့လာမှုနှင့်ပတ်သက်၍ ယခင်ကထက် 1’C မြင့်တက်လာဖို့ ၁၀နှစ်ကြာသော်လည်း ယခု၃ နှစ်အတွင်း အပူချိန် 2’C တက်လာသည်ကိုတွေ့ရှိနေရသည်။
အပူချိန် 1’C မြင့်တက်လာတိုင်း ပျှမ်းမျှလူ့အသက် ၂နှစ် လျော့စေသည့်အပြင် မြန်မာနိုင်ငံအတွင်း သက်ကြီးရွယ်အိုနှင့် မွေးကင်းစကလေးများ အပူချိန်မြင့်လာမူကိုအထူးဂရုစိုက်သင့်ကြောင်းသိရှိရပါသည်။
ဧပြီလ၁၉ရက်နေမှ မေလ ၁ရက်နေ့အထိ အပူချိန်စံချိန်မြင့်တက်သွားနိုင်ကြောင်း ၎င်းက ခန့်မှန်းသုံးသပ်ထားသည်။
အစိမ်းရောင်လမ်း (Green Way)မှဖော်ပြချက်တစ်ချို့ပါဝင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *