ခမ်းသားငေါဝ်း၊ ဧပြီ ၁၂၊ ၂၀၂၃
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ မြင်းဝန်းကျေးရွာတွင် အခွန်ခပေးဆောင်၍ လောင်းကစားဝိုင်းများပြုလုပ်ခွင့်ရနေရာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဥက္ကဌများ သွားရောက် ကွင်းဆင်းစစ်ဆေးရာတွင် လောင်းကစားဝိုင်းများ မတွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
လောင်းကစားဝိုင်းများရပ်နားသိမ်းဆည်းပြီးနောက် ကျေးရွာလူအချို့ဖြင့် အစီးအဝေးပြုလုပ်ချိန်တွင် မြို့နယ်ဆိုင်ရာအုပ်ချုပ်ရေးဥက္ကဌအဖွဲ့များလာရောက်သွားစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
” လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်နားသွားတယ် နောက်ရက်ရွာမှာအစည်းအဝေးလုပ်တယ် ၊လူကြီးတွေလာမယ်လို့တော့ ကြိုပြီးမသိရှိရဘူး၊ သူတို့လာတဲ့အချိန်မှာတော့ အကုန်ဖျက်သိမ်းထားပြီးပြီ၊ လောင်းကစားဝိုင်းတွေကို ခနတာရပ်နားထားတာမျိုးမဟုတ်ပဲ လုံးဝရပ်နားစေချင်တယ်၊ အကျင့်ပျက်တာတွေများလာတယ်လို့” ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ကျေးရွာအတွင်း လပေါင်းများစွာလောင်းကစားဝိုင်းဖွင့်လစ်နေခြင်းကြောင့် လူအချို့မှာ အလိုလိုနေထိုင်ရင်း ကြီးပွားချမ်းသာမှုတွေချက်ချင်းမျက်မြင်တွေ့ရှိနေရသည့်အပြင် ထိုကြေးသမားများမှာ တစ်နှစ်အတွင်းတော်တော်သိသိသာသာ စီးပွားပျက်စီးသွားကုန်ကြောင်း ၄င်းကဆက်ပြောသည်။
ရွာငံမြို့နယ်အတွင်း လောင်းကစားဝိုင်းများသည် သက်ဆိုင်ရာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများကို အခွန်ခ ပုံမှန်ပေးဆောင်မှု ရှိနေကြောင်းသိရှိရပါသည်။
ဧပြီလ ၁၁ ရက်နေ့တွင်ရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ အဖွဲ့များက လောင်းကစားဝိုင်းများ ရေရှည်ပြုလုပ်နေသော မြင်ဝန်းကျေးရွာကို သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ရာ လောင်းကစားဝိုင်းများမရှိနေကြောင်း we love ywangan က သတင်းထုတ်ပြန်ထားပါသည်။
Photo: we love ywangan

Leave a Reply

Your email address will not be published. Required fields are marked *