ခမ်းသားငေါဝ်း၊ ဧပြီလ ၉၊ ၂၀၂၃
ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တောင်ပိုင်း မြင်းဝန်းကျေးရွာတွင် လောင်းကစားပွဲတော်အဆင့်ထိနေစဥ်ကျင်းပပြုလုပ်နေခြင်းကြောင့် ကလေးသူငယ်အပါအဝင်ဒေသခံများက လောင်းကစား၏ ကြေးကျွန်အဖြစ်သို့ရောက်ရှိနေပြီး ဖြစ်ကြောင်း ဧပြီလ ၉ ရက်နေ့တွင်သိရသည်။
လောင်းကစားဝိုင်းများသည် ကျေးရွာဘုန်းကြီး ကျောင်း ရန်ပုံငွေအကြောင်းပြကာ လူကြီးရန်ပုံငွေ၊ သက်ဆိုင်ရာရဲ ၊စစ်သားတွေကသီးသန့်တိုင်ပင်ပြီးပြုလုပ်နေသည့်ပွဲတော်ဟု ဒေသခံက ခမ်းသားငေါင်းသို့ သတင်းပေးပို့လာပါသည်။
” ကလေးသူငယ်တွေကလဲ မုန့်ဖိုး ငါးရာ၊ တစ်ထောင်ရှိတာနဲ့ လောင်းကစားဝိုင်းပဲသွားကြတယ် ၊ ရွာထဲမှာရှိတဲ့ သံမဏ္ဍပ်တွေကိုလဲ နေရာအကျယ်ကြီးထိုးထားပေးတယ် ညဆိုရင်လဲ မီးစက်တွေနဲ့နိုးထားပေးတယ် ကျေးရွာလူကြီးတွေကပဲ ဦးဆောင်ဖွင့် ထားတယ်မတားပါဘူး” ဟု ရပ်ကွက်နေထိုင်သူတစ် ဦးကပြောဆိုပါသည်။
လောင်းကစားဝိုင်းများနေ့စဥ်အဆက်မပြတ် ကျင်းပပြုလုပ်နေသောကြောင့် ဒေသခံများအနေဖြင့် မိသားစုပြဿနာများ၊ ခိုးယူသူများနှင့် လောင်းက စားဝိုင်းကြောင့် လူမှု့ဘဝပျက်စီးသွားသူပိုမိုများပြားလာ သောကြောင့် တစ်ချို့သောဒေသခံတွေက တားမြစ်ပိတ်ပင်ရန် တောင်းဆိုခဲ့ကြသည်။
ဒေသခံ လူငယ်တစ်ဦးကလည်း” အဲလူကြီးအုပ်စုတွေက လောင်းကစားဝိုင်းတွေ ပိတ်ပေးမယ် တစ်ရက်လျှင်ငါ့ကို တစ်သိန်းခွဲပေးနိုင်လားပြောဆိုတယ်၊ ရဲအရာရှိတွေလာတော့လဲ လောင်းကစားဒိုင်တွေက ပိုက်ဆံတွေပေးလိုက် ပြန်လာလိုက်ပေးလိုက်နဲ့ လုပ်နေကြတယ်” ဟုပြောဆိုပါသည်။
ရွာငံမြို့နယ်တောင်ပိုင်း မြင်းကျဒိုးကျေးရွာလမ်းဆုံမှတစ်ဆင့် မြင်းဝန်းရွာသို့ဟု စက္ကူဆိုင်းပုတ်ဖြင့် လမ်းညွန်များ ထပ်မံတပ်ဆင်ထားခြင်းသည် လောင်းကစားပွဲတော်ကို သွားရာလမ်းဖြစ်သည်ဟုသိရသည်။
ထိုလောင်းကစားပွဲမှ ကျေးရွာဘုန်းကြီးကျောင်းရန်ပုံငွေ ရရှိသည်ဟုဆိုသော်လည်း တစ်လလျှင်အခွန်ငွေ မည်မျှ ရရှိသည်ကို ရွာခံများနှင့် ကျောင်းထိုင်ဘုန်းကြီးမသိရှိနေကြောင်း ၄င်းကဆိုသည်။
တစ်နှစ်နည်းပါး နေ့စဥ် ကျင်းပပြုလုပ်နေသော လောင်းကစားပွဲကြောင့် မိသားစုပြိုကွဲပျက်စီးခြင်းပြဿာနာများ ၊ သူခိုးများပိုမိုသောင်းကျန်းမှုများ စသည့်အခြေအနေတွေ ရှိနေပြီဖြစ်ကြောင်းသိရှိရပါသည်။
#PPV-006

Leave a Reply

Your email address will not be published. Required fields are marked *