ခမ်းသားငေါဝ်း၊ ဧပြီ ၉၊ ၂၀၂၃
ယခုနှစ် ပင်လောင်းမြို့နယ်ထွက် လက်ဖက်စျေး ရှ်သော်လည်း စား‌သောက်ကုန်စျေးများ အဆမတန်မြင့်တက်လာခြင်းကြောင့် လက်ဖက်တောင်သူများတွက်ခြေမကိုက်ဘဲဖြစ်နေကြောင်း ဧပြီလ ၉ ရက်နေ့ကသိရသည်။
ယခင်နှစ်တွင်လက်ဖက်ခြောက်တစ်ပိဿာကို ၄၀၀၀ ကျပ်ခန့်သာရရှိပြီး ယခုနှစ်တွင်လက်ဖက် ခြောက်တစ်ပိဿာကို ၉၀၀၀၊ ၁၀၀၀၀ ထိရရှိသော်လည်း အခြေခံ စားသောက်ကုန်အမျိုးမျိုး စျေးတက် နေ​ခြင်းကြောင့် အဆင်မပြေမှုများဖြစ်နေကြောင်း ပင်လောင်းမြို့နယ် လက်ဖက်တောင်သူတစ်ဦးကပြောသည်။
“ယခင် ဆန်တစ်အိတ်၂၀၀၀၀ ကျော်တန်က ခု ၈၀၀၀၀ ဖြစ်သွားပြီ လက်ဖက်စျေးရှိတယ်ဆိုပေ မယ့်အရင်က လက်ဖက် ၄ ပိဿာလောက်ရောင်းရင်ဆန်တစ်အိတ်ရပြီ ခုက ဆန်တစ်အိတ်ရဖို့ ၈ ပိဿာလောက်ရောင်းမှရနိုင်မှာ စျေးတက်တာလည်းဆန်တစ်မျိူးတည်မဟုတ်ဘူး‌လေ ဆီ၊ဆား လူသုံးကုန်အစစျေးတက်နေတော့ လက်ဖက်‌ခြောက်စျေးရှိလည်း အရင်ထက်ပိုဆိုးပါတယ်”ဟု ၄င်းကဆက်ပြောသည်။
ပင်လောင်းဒေသခံများအတွက် လက်ဖက်စိုက်ပျိုးမှုသည်အရေးပါသောလုပ်ငန်းတစ်ခုလည်းဖြစ်ကြောင်းသိရသည်။
ထို့အပြင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပင်လောင်း ဒေသတွင်းရှိပြည်သူများသည် လက်ဖက်မှဝင်ငွေတစ်ခုဖြင့်သာ အဆင်မပြေနိုင်သောကြောင့် လက်ဖက်ခြံများကို ပစ်ထားပြီး ဘိန်းစိုက်မှုကိုသာပိုမိုအာရုံစိုက်လာကြကြောင်းလည်း ဒေသခံများကပြောသည်။
ဒေသခံ အချို့လည်းလုပ်ကိုင်စားသောက်အဆင်မပြေ၍ နိုင်ငံရပ်ခြားသို့ပြောင်းရွေ့အလုပ်သွားရောက်လုပ်ကိုင်သူများလည်းအများအပြားရှိခဲ့သည်။
ထိုသို့အခြေခံစားသောက်ကုန်အမျိုးမျိုးစျေးမြင့်တက်မှုကြောင့် ခိုးဆိုးလုယက်မှုလည်းများပြားလာကြောင်းဒေသခံမျာထံသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed