ခမ်းသားငေါဝ်း၊ ဧပြီ ၇၊ ၂၀၂၃
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားဒေသ တကူးမို့ရွာတွင် တောမီးလောင်ရာမှတစ်ဆင့် ဒေသခံ၏ လက်ဖက်ခြံများပါ မီးလောင်ပျက်စီးခဲ့ကြောင်း ဧပြီလ ၇ရက်နေ့တွင်သိရသည်။
မတ်လ၂၇ရက်နေ့ညတွင် တောမီးလောင်မှုမှတစ်ဆင့် လက်ဖက်ခြံ၆ခြံပါမီးလောင်သွားခဲ့ပြီး လက်ဖက်ပင်ပေါင်း ၃၀၀၀မနည်း မီးလောင်ပျက်စီးခဲ့ရသည်။
“မီးကဘယ်သူဘယ်ဝါရှို့တာလဲမသိဘူး မိသားစုစားဝတ်နေရေးအတွက် အဓိကဝင်ငွေဟာ လက်ဖက်ပေါ်လည်းပါတယ် ယခုနှစ်ကစျေးလည်းအရမ်းရှိတယ် ခုလိုမီးလောင်သွားတော့ အရမ်းနှမြောမိတယ် “ဟုတကူးမို့ရွာ ဒေသခံတစ်ဦးက ခမ်းသားငဝ်းကိုပြောသည်။
မီးလောင်သွားသည့်လက်ဖက်ပင်အများစုသည် အပင်သေသွားပြီး အပင်အချို့မှာ ပြန်ရှင်ပေမယ့် အပင်သန်ဖို့အတွက် ခက်ခဲကြောင်း၄င်းကဆက်ပြောသည်။
လက်ဖက်တပိဿာမှာ လက်ရှိတွင် ၈၀၀၀မှ ၁၀၀၀၀ကြားရှိပြီး ယခင်နှစ်တွင် ၄၀၀၀ကျပ်သာရရှိခဲ့ကြောင်းသိရသည်။
လက်ဖက်ပင်သည် ပျိုးပင်စိုက်ပျိုးသည့်ရက်မှစ၍ ၃နှစ်မှ ၅နှစ်သက်တမ်းရှိမှသာ အရွက်နုများကိုစတင်ခူးဆွတ်နိုင်ကြောင်းသိရသည်။
ရှမ်းတောင် ပင်လောင်းမြို့နယ်တွင်ယခုနှစ်သည် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် တောင်သူများ စိုက်ပျိုးပင်အများစု ပျက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *