ခမ်းသားငေါဝ်း၊ ဧပြီလ -၆၊ ၂၀၂၃
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းတွင် ရာသီဥတုပြောင်းလဲမှုကြောင့် စစ်ဘေးရှောင်လာသူ သက်ကြီးရွယ်အို ဖျားနာသူပိုများလာကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။
ရာသီဥတုပြောင်းလဲခြင်းကြောင့် စစ်ဘေးရှောင်သူထဲမှ အသက်အရွယ်ကြီးသည့် ဘိုးဘွားများက ဖျားနာမှု ၊နှာစေးချောင်းဆိုးမှုဖြစ်ပွားသူများလာကြောင်း သိရသည်။
“အခု ရာသီဥတုကြောင့် အသက်ကြီးတဲ့အဖိုးအဖွားက ဖျားတာ များလာတာတွေ့ရတယ် အခုလိုအပ်တာ ကျန်းမာရေး စောင့်ရှောက်မှုတွေ စိတ်ပညာကုသမှုတွေ လိုအပ်တယ်”ဟု စစ်ဘေးရှောင်ကူညီတစ်ဦးက ခမ်းသားငေါဝ်းသတင်းဌာနသို့ ပြောသည်။
ထိုအပြင် စစ်ဘေးရှောင်သူအတွက် စားနပ်ရိက္ခာက ဖူလုံမှုရှိသော်လည်း ကျန်းမားရေးအတွက် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။
နေ့ရပ်စွန့်ခွာလာသည့် စစ်ဘေးရှောင် ၆၀၀၀ ကျော် သည် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်းနှင့် နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ခိုလှုံလျက်ရှိကြောင်းသိရ သည်။
စစ်ဘေးရှောင်လာသည့် ကျေးရွာများသည် တောင်မဲသင်း၊ စလုံးတောင်၊ စလုံးမြောက်၊ ဆောင်းပြောင်း၊ လုံးပျဉ်၊ ပင်ပွံရွာများမှဖြစ်ပြီး လက်ရှိပင်လောင်းတွင် စစ်ဘေးရှောင်လူဦးရေ ငါးထောင်ကျော်ခန့်ရှိနေပြီး နောင်တရားတွင် တစ်ထောင်ခန့်ရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *