ခမ်းသားငေါဝ်း၊ ဧပြီလ ၄၊၂၀၂၃
ကယား(ကရင်နီ)ပြည်နယ် မတ်လတစ်လအတွင်း ကရင်နီပြည်နယ်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲပေါင်း၁၀၂ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား၂၈၁ ဦးသေဆုံးကာ တပ်ဖွဲ့ဝင် ၁၃ဦးအရှင်ဖမ်းမိခဲ့ကြောင်း ဧပြီလ ၃ ရက်နေ့တွင် KNDFက ထုတ်ပြန်ထားသည်။
မတ်လအတွင်း ကရင်နီပြည်နယ်ရှိ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ဖားဆောင်းမြို့နယ်နှင့်ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်များကို စစ်ကောင်စီတပ်က စစ်မျက်နှာ ၅ခုဖွင့်လာပြီး ထိုးစစ်ဆင်ကာ တိုက်ပွဲများဖြစ်ပွားသောမြို့နယ်များအား လေကြောင်းတိုက်ခိုက်မှု ၆၆ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
တိုက်ပွဲအတွင်း KNDF နှင့် မဟာမိတ်တပ်ဖွဲ့များက သိမ်းဆည်းရမိသည့်စစ်ကောင်စီတပ်လက်နက်များကို လက်နက်ငယ် ၅၁လက်၊ လက်နက်ကြီး ၉လက်၊ ခဲယမ်းမြောက်များစွာအပြင် ဆက်သွယ်ရေးစက်ကိရိယာများ နှင့် စစ်ကြောင်းထိုးစဥ်ကာလအတွင်း ခလရ ၁၂မှ ဆက်သွယ်ရေးဒုတပ်ကြပ်က MA-3 သေနတ်တစ်လက်ဖြင့် အလင်းဝင်ရောက် ရှိခိုလှုံခဲ့သည်။
ထို့အပြင် စစ်ကောင်စီတပ်သား ၈၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ပါရှိပါသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ မီးရှို့ခြင်း၊ လေကြောင်းပစ်ခတ် တိုက်ခိုက်ခြင်းများကြောင့် အရပ်သားပြည်သူများ၏ နေအိမ် ၂၂၈လုံးမီးလောင်ပျက်စီးခဲ့ပြီး၊ ဘာသာ‌ရေးကျောင်း ၂ ကျောင်းနှင့်စာသင်ကျောင်း ၃ ကျောင်း ထိခိုက်ပျက်စီးခဲ့သည့်အပြင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်က်မှုဖြင့် အရပ်သားပြည်သူ ၅ဦး၊ သံဃာတော် ၃ပါး၊နှင့် အရပ်သားပြည်သူ ၂၅ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ပါရှိသည်။
ယခု တစ်ပတ်ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ တိုက်ပွဲဖြစ်ပွားမှုပတ်သက်ပြီး နယ်စပ်ဒေသ စစ်ရှောင်စခန်းတစ်ခုကို စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်ထပ်မံရောက်ရှိလာသည့်အပြင်နေ့စဥ် လာရောက်တိမ်းရှောင်သူတွေထပ်ရှိနေကြောင်း သိရသည်။
ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ် တိုက်ပွဲများအတွင်း KNDF ၊KA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲPDF ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် PNDF စသည့် ပူးပေါင်းတပ်ဖွဲ့ဝင်များက မတ်လအတွင်းစစ်ကောင်စီနှင့်ထိတွေ့တိုက်ပွဲအတွင်း ၁၃ ဦးကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ပါရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *