………………..
ခမ်းသားငေါဝ်း၊ ဧပြီလ ၂ ၊ ၂၀၂၃
ရှမ်း-ကယားနယ်စပ် ပင်လောင်းမြို့နယ် ဖယ်ခုံမြို့နယ်အပါအဝင် ကရင်နီပြည်နယ်တို့တွင်စစ်ကောင်စီအာဏာသိမ်းပြီးနောက် တိုက်ပွဲများကြောင့် တောတောင်ထဲစစ်ရှောင်ရင်း ကောင်းမွန်စွာဆေးကုသခွင့်မရသဖြင့်သေဆုံးသူ ၁၃၄ ဦးရှိလာကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFကဧပြီ ၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
ထိုသေဆုံးသူများအထဲတွင် ကိုယ်ခံအားနည်းသူများ ၊အအေးဒဏ်မခံနိုင်သော သက်ကြီးရွယ်အိုများနှင့် မွေးကင်းစကလေးများ၊ လသားအရွယ်ကလေးငယ်များ တို့ အများဆုံးဖြစ််ကြောင်း သိရသည်။
“ဆေးရုံတွေရှိပေမယ့် လမ်းပိတ်ထားတာ တိုက်ပွဲအခြေအနေကြောင့် ဆေးကုသမှုအချိန်မီမရလို့သေဆုံးတာများတယ် ပြီးတော့ ကိုယ်ဝန်ဆောင်မိခင်ဆို ကျန်းမာရေးစောင့်ရှောက်မှုပုံမှန်မရတာ လက်နက်ကြီးကျရင် ဗုံးခိုကျင်းထဲပြေးရ လုံခြုံရာအမြန်ပုန်းရတာတွေကြောင်း လတိုင်းလိုလိုမွေးကင်းကလေးသေဆုံးတာများတယ်”ဟု စစ်ရှောင်များကိုကျန်းမာရေးကူညီပေးနေသူတစ်ဦးကပြောသည်။
စစ်အာဏာသိမ်းပြီး၂ နှစ်ကျော်ကာလတွင်ကရင်နီပြည်နှင့် ပင်လောင်းမြို့နယ်ဖယ်ခုံမြို့နယ်အပါအ ဝင် တိုက်ပွဲပေါင်း ၆၅၀ ကြိမ် လေကြောင်းတိုက်ခိုက် မှု ၃၁၀ ကြိမ်တွင် ဒေသခံနေအိမ် ၁၄၇၃ လုံး၊ ဘာသာရေးအဆောက်အအုံ ၃၃ လုံး ပျက်စီးခဲ့ပြီး စစ်ကောင်စီဖက် ၁၈၈၃ ဦး၊ ပြည်သူ့ကာကွယ် ရေးတပ်နှင့်လက်နက်ကိုင်တပ်ဖွဲ့ဝင်၂၅၂ဦးသေဆုံးကာ အရပ်သားပြည်သူဖက် ၃၁၃ဦးသည်မတရားအသတ်ခံခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကရင်နီပြည်၏ လှုဦးရေ ၈၀ ရာခိုင်နှုန်းသည်တိုက်ပွဲကြောင့် နေအိမ်စွန့်ခွါ တောတောင်ထဲစစ်ရှောင်နေနေရပြီး၄င်းတို့အတွက် အကူအညီများလိုအပ်လျက်ရှိကြောင်းသိရသည်။
ယခုတွင်ကရင်နီပြည်ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်နှင့် ရှမ်း -ကယား နယ်စပ် ပင်လောင်း၊ ဖယ်ခုံမြို့နယ်တို့တွင်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ် ရေးတပ်တို့ နေ့စဥ်တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *