ခမ်းသားငေါဝ်း၊ ဧပြီလ ၃၊ ၂၀၂၃

ရှမ်းပြည်တောင်ပိုင်း အင်းလေးဒေသ ညောင်ရွှေမြို့နယ် နမ်းပန်ကျေးရွာရှိ ခေတ်ဆန်းရင် အဆောက်အဦးအပေါ် ရေပေါ်သင်္ကြန်ကို ၄ ရက်တာကာလသတ်မှတ်ကျင်းပမည်ဖြစ်ကြောင်း မတ်လ ၃ ရက်တွင် သိရှိရသည်။
သင်္ကြန်အကြိုရက် ၊ သင်္ကြန်အကျရက်၊ သင်္ကြန်အကြပ်ရက်နှင့် သင်္ကြန်အတက်ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ယခုနှစ်တွင် ရောင်စုံအလှဓာတ်ပုံပြိုင်ပွဲများ ထပ်မံထည့်သွင်းပါဝင်မည်ဟု သိရသည်။
”ထုံးစံအတိုင်း အကြိုရက်နေ့မှာဖွင့်ပွဲအခန်းအနားရှိမယ်၊ ရေသင်္ကြန်မဏ္ဍပ်တွေက ပြင်ဆင်နေတာ ပြီးသလောက်ရှိနေပါပြီ ဆပ်ကော်မတီအလိုက် တာဝန်ယူတာတွေရှိတယ်၊ အင်းလေးဒေသရွာအလိုက် ယိင်း အကအလှတွေထွက်ဖို့ရှိမယ် နိုင်ငံကျော်အဆိုတော် တစ်ချို့ကိုလဲ လေးရက်တာမှာထည့်သွင်းမယ်လို့ သိရတယ်” ဟု တာဝန်ရှိသူ ဦးနေမျိုးကျော်က ခမ်းသားငေါဝ်း ကို ပြောသည်။
ရေပေါ်သင်္ကြန်ပြုလုပ်လာသည့် ရည်ရွယ်ချက်သည် အင်းလေးဒေသအတွင်း ပြည်တွင်းပြည်ပခရီးသွားမြင့်တင်ရေးအနေဖြင့်အာရုဏ်စိုက်မှုတစ်ခု ရရှိရန်ဖြစ်ပြီး ယခုဒုတိယအကြိမ် အနေဖြင့်ပြန်လည်လုပ်ဆောင်ခြင်းဖြစ် ကြောင်းသိရှိရပါသည်။
” လေးရက်တာကာလတွေမှာ အင်းလေးဒေသဟော်တယ်တွေမှ တစ်လှည့်စီစတုဒီသာများအတွက်တာဝန်ယူထားပြီလို့သိရတယ် ၊ စာပေယဥ်ကျေးမှုအဖွဲ့တွေ ဒေသဆိုင်ရာအရပ်ဖက်ကအဖွဲ့နဲ့ပူးပေါင်းပြီးတော့မှ ဖြစ်မြောက်အောင်လုပ်တာဆိုတော့ အခက်အခဲတော့မရှိနေဘူး” ၄င်းတာဝန်ရှိသူမှ ဆက်ပြော သည်။
ယခုနှစ်တွင် ထူးထူးခြားအသစ်ပါဝင်မည့် ရောင်စုံအလှအပ ဓာတ်ပုံပြိုင်ပွဲအစီအစဥ်ကိုလည်း အင်းလေးရေပေါ်သင်္ကြန်ဖြစ်မြောက်ရေးကော်မတီများက သက်ဆိုင်ဌာနကို မေလ ၁ ရက် ညနေ ၄ နာရီနောက်ဆုံးထား၍ဓာတ်ပုံတင်သွင်းရမည်ဖြစ်ပြီး သတ်မှတ်ထားသောဆုကြေးငွေတွေ ချီးမြင့်ရန်ပါရှိကြောင်းသိရသည်။
မတ်လ ၃၁ ရက်နေ့တွင် အင်းလေးရေပေါ် သကြန်ဖြစ်မြောက်နိုင်ရေးအတွက် သက်ဆိုင်ရာအကြီးအကဲ များဆွေးနွေးမှုပြုလုပ်ပြီးသည့်အပြင် လုံခြုံရေးတာဝန်များကိုလည်း သက်ဆိုင်ရာဌာနအလိုက် တာဝန်ယူဆောင်ရွက်သွားမည်ဟုသိရပသည်။
အင်းလေးရေပေါ်သင်္ကြန် ကို ၂၀၁၉ ခုနှစ်တွင် ပထမဆုံးအကြိမ်ကျင်းပ ပြုလုပ်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါ နှင့် အခြေအနေအကြောင်းအမျိုးမျိုးကြောင့်သုံနှစ်ကြာရပ်နားခဲ့ရပြီး ယခုနစ်တွင် ဒုတိယအကြိမ်အဖြစ်ပြန်လည် ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
ပုံစာ- ပထမအကြိမ် ရေပေါ်သကြန် ၂၀၁၉ ပုံ( credit original)
#PPV-006

Leave a Reply

Your email address will not be published. Required fields are marked *