———————-
ခမ်းသားငေါဝ်း
မတ်လ ၂၉ ၊ ၂၀၂၃
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD)ပါတီတို့အပါအဝင် ပါတီပေါင်း ၄၀ တို့ကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုနှင့် ရွေးကောက်ပွဲကော်မရှင်က ပါတီများဖျက်သိမ်းကြောင်း မတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
မှတ်ပုံတင်ခြင်းမရှိသဖြင့် ပယ်ဖျက်ခံရသည့် ပါတီများမှာ လားဟူအမျိုးသားဖွင့်ဖြိုးတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ကယန်းအမျိုးသားပါတီ၊တအောင်း(ပလောင်) အမျိုးသားပါတီ၊ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဖွင့်ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ဖွင့်ဖြိုးရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ဗမာ့ပြည်သူပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာ့အမျိုးသားကွန်ယက်ပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီဖွဲ့ချုပ်၊ အမျိုးသားညီညွတ်ရေးကွန်ကရက်ပါတီ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ ၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ ဖဒရယ်ပြည်ထောင်စုပါတီ၊ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.ဖ.မ.အ)ပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ မြို့အမျိုးသားဒီမိုကရေစီပါတီ၊ လမ်းပြကြယ်ပါတီ၊ ၈၈မျိုးဆက်ဒီမိုကရေစီပါတီ၊ လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ဖွင့်ဖြိုးတိုးတက်ရေးပါတီ ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ အမျိုးသားနိုင်ငံရေးအားမန်သစ်ပါတီ၊ ဒီမိုကရေစီပါတီ၊ ချင်းပြည်သူ့ပါတီ၊ ပြည်သူ့ဘဝဖွင့်ဖြိုးတိုးတက်ရေးပါတီများ ဖြစ်သည်။
နိုင်ငံရေးမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ၂၅အရ နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်လိုလျှင် ရက်ပေါင်း ၆၀အတွင်းပြန်လည်လျောက်ထားရပြီး မတ်လ၂၈ရက်နေ့ နောက်ဆုံးထား၍ပါတီမှတ်ပုံတင်ပြန်လည် လျောက်ထားရဟုဆိုကာ လျောက်ထားခြင်းမရှိပါက အလိုအလျောက် ပါယ်ဖျက်ခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ ရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
နိုင်ငံရေးမှတ်ပုံတင်ခြင်း ဥပဒေ၂၅အရ အကျုံးဝင်သည့် ပါတီများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ (MPD)၊ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ၊အမျိုးသားဒီမိုကရေစီပါတီသစ်၊ဖလုံ-စပေါ်ဒီမိုကရက်တစ်ပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ရခိုင့်ဦးဆောင်ပါတီ (ALP)၊ပြည်သူ့အင်အားပါတီ၊ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)၊လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ( ဒူးလေးပါတီ)၊ဟိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ၊လူထုပါတီ၊ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ပြည်သူ့အလုပ်သမားပါတီ၊အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ရခိုင်အမျိုးသားပါတီ၊လူ့ဘောင်သစ်ပါတီ (NSP)၊အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊အင်းလေးအမျိုးသားအဖွဲ့ချုပ်ပါတီ၊ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၊ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၊”ဝ”အမျိုးသားပါတီ၊ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ၊ပြည်သူ့ပါတီ၊မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီ၊အမျိုးသမီးပါတီ(မွန်)၊မြိုတိုင်းရင်းသားပါတီ၊ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ခေတ်သစ်ပြည်သူ့ပါတီ၊ကရင်ပြည်သူ့ပါတီ၊ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၊မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၊မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီများ ဖြစ်‌ကြောင်း ပါရှိသည်။
ထို့သို့စစ်ကောင်စီသက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံတွင် နိုင်ငံရေးပါတီသစ်တစ်ရပ်တည်ထောင်လိုသူများသည် ပါတီတည်ထောင်ခွင့်အား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ ဆက်လက်လျောက်ထားခွင့်ရှိကြောင်းထုတ်ပြန် ချက်တွင်ပါရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *