ခမ်းသားငေါဝ်း၊

မတ် ၂၉၊ ၂၀၂၃

မေး။     ။ပင်လောင်းမြို့နယ် နမ်းနိန်းရွာက ဖြစ်ပွားခဲ့သည့် အသတ်ခံရမှုကိစ္စနဲ့ပတ်သတ်ပြီး အဲဒီအပေါ်ဗိုလ်မှူးအနေနဲ့ ဘယ်လိုပြောချင်တာရှိလဲ?

ဖြေ။      ။အဲဒီကိစ္စကို ဒီချိန်မှာပြောရမယ်ဆိုရင် နှုတ်ကပြောချင်တဲ့အတိုင်းပြောလို့မရဘူး။ သိကြတဲ့အတိုင်းဆိုပေမယ့် ပြောလို့မဖြစ်ဘူး ဒီလိုဖြစ်ပြီးနောက်မှာတော့ ကျန်ခဲ့တဲ့ ကျွန်တော်တို့ ပအိုဝ်းမိဘပြည်သူတွေက ပအိုဝ်းရိုးရာထုံးစံ လူအိုထုံးတမ်း မကျန်ခဲ့သင့်ဘူး လူအိုတွေပြောတဲ့စကား “ပြဿနာကြီးရင် သေးအောင်လုပ် ပြဿနာသေးရင် ပပျောက်အောင်လုပ် နောက်ဆုံးပြဿနာ ထပ်မပေါ်အောင် မေတ္တာ၊ဂရုဏာ၊ဥပက္ခာ အဲလိုတွေ လုပ်လာရတယ်” လူကြီးတွေက ဒီစကားချန်ပေးခဲ့တယ် ကျွန်တော်တို့လည်း မမေ့သင့်ဘူး။ ဒီနမ်းနိန်းက ဖြစ်ပွားတဲ့ကိစ္စက ဒီလူလုပ်တယ်၊ ဟိုလူလုပ်တယ် ဆိုတဲ့အပေါ် ခုလိုဒီချိန်ကာလမှာ ကျွန်တော်တို့ပအိုဝ်းက ပြောရတာသိပ်မလှဘူး ကျွန်တော်ကတော့ အဲလိုမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်ကိုယုံမယ်ဆိုရင်လည်း နားထောင်လို့မကောင်း နောက်တစ်ဖက်ကိုယုံမယ်ဆိုတော့လည်း နားထောင်လို့မကောင်း အဲလိုဖြစ်နေတော့ ခုလိုဆိုရင် ပအိုဝ်းလူထုက သေတာခံနေရပြီ နာတာခံနေရပြီ အမှန်တရားဆိုတာရှိတယ် အချိန်တခုရောက်လာရင် အမှန်တရားဆိုတာ ပေါ်လာမယ်ဆိုတော့ လူမျိုးရေး ပဋိပက္ခ မဖြစ်လာအောင် ဘာသာရေးပဋိပက္ခလဲ မဖြစ်လာအောင် ဒီပြဿနာတခုက ပေါ်ပေါက်လာပြီဆိုတော့ ကျွန်တော်တို့ပအိုဝ်းပြည်သူလူထု ပုဂ္ဂိုလ်ရေးသမားတွေ ခေါင်းအေးအေးထားပြီး ပြဿနာဖြေရှင်းမယ်ဆိုရင် ရလဒ်ကောင်းရလာလိမ့်မယ်။ အဲ့လိုမဟုတ်ရင် ကျွန်တော်တို့ပအိုဝ်းက ခဏနေသူများခိုင်းစားတဲ့ လက်ကိုင်တုတ်လိုဖြစ်နေမယ်။ ဒါကြောင့် အဲလိုမျိုးမခံစေချင်ဘူး လူတိုင်းသတိကပ်ဖို့ အမှန်တရားဆိုတာရှိတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်အာဏာသိမ်းပြီး ဒီရက်ထိ လူတွေသေတာ အစုလိုက်အပြုံလိုက် သေနေရတာ စစ်ပွဲတွေဖြစ်လို့၊ စစ်ပွဲဖြစ်ရတဲ့ အကြောင်းရင်းက အာဏာသိမ်းလို့၊ အဲလိုဖြစ်လို့ အဲဒီစကားမှာတင် စဥ်းစားမယ်ဆိုရင် ဘယ်သူကတာဝန်အရှိဆုံးလဲ။ ဒါကဘယ်သူလုပ်တယ်ဆိုတာ ရှင်းပြီထင်တယ်။ ကျွန်တော်ကတော့ အဲလိုမြင်တယ် ဒီလူလုပ်တယ် ဟိုလူလုပ်တယ်လို့ မဆိုလိုဘူး အချိန်ရောက်ရင် ဥပဒေအရ လုပ်တဲ့သူက တာဝန်ယူရမယ်ပေါ့ ကျွန်တော်ပြောပေးချင်တဲ့စကားက မီးဒီထက်မတောက်အောင် ဘယ်သူမဆို သတိကပ်ဖို့ သူများစကားကို အလွယ်တကူမယုံကြည်နဲ့ ကျွန်တော်တို့ပအိုဝ်းက “မျိုးခွန်ခွိုး”ဆိုပါ။ ထတော့ပြောရင်ထမယ် ထိုင်ဆိုရင်ထိုင်မယ် ဆိုတာမကောင်းဘူး ခွန်တွေဆိုတော့ အတွေးတွေလည်း ခွန်လိုတွေးတောပြီး အဆင့်မြင့်မြင့်တွေးတောဖို့ ကျွန်တော်ပြောချင်ပါတယ်။

မေး။     ။အမှန်တကယ်က ပအိုဝ်းပြည်သူတွေ ခံရပြီးပြီ စစ်ဘေးဒဏ်ဘေးလည်းပြေးနေရပြီ ဒီအပေါ် တချို့က မြောက်ပိုင်းကကူညီတာရှိတယ် ဒီစစ်ဘေးရှောင်တွေနဲ့ပတ်သတ်ပြီး ဗိုလ်မှူးဘယ်လို ပြောချင်ပါသလဲ?

ဖြေ။      ။ကျွန်တော်မြင်နေရတဲ့ စစ်ဘေးရှောင် လူတွေက စကားဆုံးဆုံးပြောရရင် ဒီအသက်တစ်ချောင်းရှင်သန်ဖို့က ဘယ်သူမဆိုကိုယ့်အသက်ကိုနှမြောကြတယ် သေမှာကြောက်တယ် နာမှာကြောက်တယ် ဒုက္ခရောက်မှာကြောက်တယ် နောက်တစ်နည်းပြောရမယ်ဆိုရင် လှူရမယ် ဒါန်းရမယ် ကျွန်တော်တို့ပြည်အတွက် ရေအတွက်၊ သား၊မြေးကို ကျွေးမွေးဖို့အတွက် ဒီအသက်ကရှင်သန်ရအုံးမယ် ရှင်သန်မှရမယ်ဆိုတော့ ခုတော့ စစ်ဘေးဒဏ်ဘေးကို ပြေးနေရတယ် ငြိမ်ငြိမ်ပဲနေမယ်ဆိုရင် အန္တရာယ်ကရှိတယ်။ တစ်နယ်တစ်ကျေး ထွက်ပြေးရှောင်နေရတယ် ဒါကိုကြည့်ပြီးသနားတယ်။ သနားလို့ တို့ပအိုဝ်းပြည်မှာ စစ်ပွဲမဖြစ်စေဖို့ စစ်ပွဲတွေမဖိတ်ကြားဘူး ပအိုဝ်းတွေက စစ်ပွဲဖိတ်ကြားတဲ့ ပုံစံကခက်ခဲတယ်လေ စစ်ပွဲဖြစ်တယ် စစ်ဘေးဖြစ်တယ် အဲအလုပ်ကကျွန်တော်တို့ရှောင်ဖို့လိုတယ် စစ်ပြေးနေရတာတွေ စစ်ဘေးရှောင်တွေကို ဒီပအိုဝ်းမိဘပြည်သူလူထုတွေက လူမျိုးဘာသာခွဲခြားဖို့မလိုဘူး ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီကော ဗုဒ္ဓဘုရားဟောထားတဲ့ မေတ္တာ၊ဂရုဏာ၊မုတိသာ၊ဥပက္ခာတရားဆိုတာ ခွဲခြားလို့မရဘူး လူတိုင်းတန်းတူအခွင့်ရေးရှိတယ် ဘယ်သူမဆို မေတ္တာတရားနဲ့ကူညီဖေးမပြီး ကြည့်ရှုလက်ခံဖို့လိုတယ်၊ ခုဖြစ်နေတာက ပအိုဝ်းဒေသ၊ ကယားဒေသ တွေမှာပဲဖြစ်နေတာမဟုတ်ဘူး တစ်နိုင်ငံလုံးဖြစ်နေတာဆိုတော့ စစ်ဘေးတွေအပေါ် အမြင်ကျဥ်းကျဥ်းလေးနဲ့ကြည့်လို့မရဘူး ကျယ်ကျယ်ကြည့်ရမယ် မြန်မာကထိုင်းကို ပြေးမယ်ဆိုရင် ထိုင်းကကြည့်မယ် မြန်မာက ဘင်္ဂလားဒေစ်တို့ အိန္ဒိယတို့ တရုတ်တို့ ကြည့်ပေးတဲ့အတိုင်းပဲ ဒါကြောင့် ကျွန်တော်တို့ တစ်နိုင်ငံထဲဆိုတော့ မေတ္တာ၊ဂရုဏာ၊မုတိသာဆိုတာ အကုန်လုံးကို ကူညီဖေးမရမယ် မခွဲခြားရဘူး မျိုးရိုး၊ဘာသာ၊သာသနာက တစ်နိုင်ငံတည်း တစ်ရေတည်း တစ်နေရာတည်း တစ်မိုးအောက်ထဲ တစ်နယ်မြေထဲဆိုတော့ကျွန်တော်အဲလိုပြောချင်တယ်၊၊

မေး။     ။နောက်တခုက စစ်ပွဲတစ်ခုဖြစ်နေတဲ့ ပအိုဝ်းပြည်သူလူထုရယ် အခြားပြည်နယ်တိုင်းတွေမှာ ပြည်သူလူထုတွေခံနေရတာ ပအိုဝ်းတွေလည်းပါ အခြားလူထုတွေလဲပါ တစ်ယောက်နဲ့ တစ်ယောက် အပေါ်အထင်လွဲနေတာတွေရှိတယ် ဒီဟာကရော ဘာကြောင့်လို့ထင်လဲ။

ဖြေ။      ။စစ်ပွဲကြောင့်ပေါ့နော် စစ်ပွဲက ပြောရမယ်ဆိုရင် သွေးကြွတယ် သွေးကလူကိုပဲသတ်ချင်တာတင်ဟုတ်ဘူး အဖွဲ့နှစ်ဖွဲ့လို့ပြောရမယ်ဆိုရင် တစ်ဖက်ကလည်း သူ့အာဏာသူလိုချင် ဟိုတစ်ဖက်ကလည်း အာဏာကခေါင်းပေါ်ကျလာပြီဆိုပေမဲ့ မတရား မမှန်တော့ ဒီဟာတွေကြောင့် စစ်ပွဲဖြစ်လာရတယ် စစ်ပွဲဖြစ်လာတော့ ဒီလူထုက ဒုက္ခတွေ့လာရတယ် လူထုရဲ့မျက်စိနားက ဘယ်လိုရှိရမလဲ ဆိုတော့ စစ်က အဖွဲ့နှစ်ဖွဲ့တိုက်နေပြီ ပစ်နေပြီ လူထုတွေက ကြည့်ရမယ် ဘယ်အဖွဲ့က တရားတဲ့စစ် ဘယ်အဖွဲ့က မတရားတဲ့စစ် ဘယ်အဖွဲ့ကနိုင်ရင် ငါတို့အကျိုးစီးပွားဖြစ်မလဲ ဘယ်အဖွဲ့ကရှုံးရင် ငါတို့အကျိုးစီးပွားနစ်နာမယ် ဒါတွေစပြီး ငါတို့ပြည်သူလူထုတွေ စစ်ပွဲအပေါ်ကြည့်တတ်ဖို့လိုမယ် ငါတို့ရပ်ရွာအတွက် ကျဥ်းကျဥ်းပဲကြည့်လို့မရဘူး အခုစာတွေထွက်လာလို့ မြင်ရတာ ဘယ်လိုမြင်လဲဆိုတော့ အရင်စဖြစ်တဲ့ကိစ္စတောင်ပိုင်းက ကရင်နီပြည်ဘက်ထွက်လာတဲ့စာပေါ့ သူတို့တိုက်တာက စနစ်ကိုတိုက်တယ် စနစ်ပျက်ကိုတိုက်တယ် အာဏာရှင်စနစ်ပျက်ကိုတိုက်တော့ တို့ပအိုဝ်းပြည်က ဖြစ်လာတဲ့ကိစ္စကို သူတို့ပြောထားတဲ့စကား “ရန်သူ သူငယ်ချင်းက ငါတို့သူငယ်ချင်းမဖြစ်လာဘူး ရန်သူမိတ်ဆွေက ငါတို့မိတ်ဆွေမဖြစ်လာဘူး”အဲလိုဖြစ်တော့ အခုဆိုသူတို့မြင်တာက ပအိုဝ်းဘက်အဖွဲ့ကို လိုက်နေပေမဲ့ စစ်ကောင်စီ ဗမာစစ်တပ်နဲ့တစ်ထပ်တည်း ဒါကြောင့် တိုက်ပွဲဆိုတာဖြစ်လာတယ် အဲလိုဖြစ်တော့ ကျွန်တော်ပြောချင်တဲ့စကားက ဒီစစ်ပွဲ ငါတို့ဒေသ ငါတို့ပြည်နယ်မှာ နောက်ထပ်မကြီးဖို့ အတတ်နိုင်ဆုံး ငါတို့ဘာသာငါတို့နေနိုင်ခဲ့ရင် ဒီစစ်ပွဲကြီးတစ်စုံတစ်ရာ ကာလတစ်ခုအတွက် ဥပမာနှိုင်းယှဥ်ရရင် အရှေ့မြောက်ဘက်ခြမ်းက အဖွဲ့ကြီးတွေဖြစ်တဲ့ အဖွဲ့တွေက အနီဘက်လဲမနေဘူး အစိမ်းဘက်လဲမနေဘူး သူတို့ဘာသာသူတို့ကြံဖန်ပြီးနေနေတယ် လွတ်လပ်စွာနေတယ် ခုချိန်ထိအဲဘက်ခြမ်းက စစ်ပွဲမဖြစ်သေးဘူး ဒီစစ်ပွဲကြောင့် လူမျိုးတစ်မျိုးပြီးတစ်မျိုး လူတစ်ယောက်နဲ့တစ်ယောက် အမြင်မကြည်လာတော့ဘူး အမှားအမှန် သေသေချာချာ မသိတော့ အမြင်မကြည်တာတွေ သံသယဖြစ်တာတွေ အဲလိုဖြစ်ရင် အနာဂတ်မှာ ပြည်သူလူထုရဲ့ ညီညွတ်ရေး ငါတို့လူမျိုး ညီညွတ်ရေးကို ထိခိုက်နိုင်တယ် ဒိစစ်ပွဲအပေါ် နောက်ထပ် ရှေ့ဆက်အကြီးကြီးမဖြစ်ဖို့လိုတယ် ငါတို့ဒေသမှာ ပအိုဝ်းဒေသမှာ တိုက်ဆိုင်စွာဖြစ်နေတဲ့ ပအိုဝ်းအဖွဲ့မှာ ကင်းကင်းနေဖို့ပြောချင်ပါတယ်၊၊

မေး။     ။ ဒီနိုင်ငံရေး အရှုပ်အထွေးမှာ ပအိုဝ်းတွေလည်း အဖွဲ့ပေါင်းစုံပေါ်ထွက်လာတာများတော့ အခုနိုင်ငံရေးအရှုပ်အထွေးကြားမှာ အနာဂတ်ပအိုဝ်းတွေ ဘယ်လိုကြိုတင်ပြင်သင့်လဲ ပြောပြပေးပါအုံးဗျာ?

ဖြေ။      ။နိုင်ငံရေးရှုပ်ထွေးနေတဲ့ ဒီအချိန်မှာ ဒါကအလိုလိုရှုပ်ထွေးနေတာမဟုတ်ဘူး အကြောင်းရှိနေတော့ ပိုရှုပ်ထွေးနေတယ် ပြောရမယ်ဆိုရင် အက်ကွဲမှုရှိတော့ သူများထပ်ပြီးလုပ်ထည့်တော့ ပိုပြီးအက်ကွဲလာမှာပဲပေါ့နော် အခုလောလောဆယ်မှာ တိုင်းပြည်ပိုရှုပ်ထွေးလာတဲ့ အခုလိုကာလဟာ ကျွန်တော်တို့ပအိုဝ်းတွေ အရင်စဥ်းစားရမယ် ဖြည်းဖြည်းချင်းတွေးရမယ် အရင်စဥ်းစားတာဖြည်းဖြည်းတွေးတာက ဘယ်လိုလဲဆိုတော့ ကျွန်တော်စောဏကပြောသလို “စကားကုန်ကုန်ပြောရရင် ကျွဲနှစ်ကောင် အကြီးကြီးခွတ်နေချိန် တို့ကအလယ်ကဆင်းဖြစ်ရင်လည်း တို့ပဲပျက်မယ်၊ တို့ကဟိုဘက်ကျွဲရဲ့ကျောပေါ်တက်ခွထားမယ်ဆိုရင်လည်း ဒီဘက်ကျွဲကနိုင်ရင် တို့ပါသွားမယ်၊ ဒီဘက်ကျွဲရဲ့ ကျောပေါ်တက်ခွထားရင်လည်း ဟိုဘက်ကျွဲက တကယ်ခွတ်မယ်အနိုင်ယူမယ်ဆိုလည်း တို့ကပါသွားမှာပဲပေါ့နော်၊ အဲတော့တို့လူမျိုးက လူဦးရေတစ်သန်းကျော် နှစ်သန်းလောက်ပဲ လူလည်းသိပ်မများတော့ လူဦးရေနဲ့နှိုင်းရင် တို့ဘယ်ဟန့်တားနိုင်မှာလည်း တို့မဟန့်တားနိုင်ဘူး” အဲလိုဖြစ်တော့ ခုရှုပ်ထွေးနေတာနဲ့ပတ်သတ်ပြီးတော့ ခုလိုချိန်မှာ နိုင်ငံရေးနဲ့ပတ်သတ်ပြီး ခိုင်မာစရပ်တည်နိုင်ဖို့က အခြေအနေကိုအရင်ကြည့်ပြီးတော့ (လွတ်လွတ်ကင်းကင်း)လွတ်ကင်းစွာနေအုံးမှ အကောင်းဆုံးလို့ကျွန်တော်က အဲလိုမြင်ပါတယ်၊၊ လွတ်ကင်းအောင်နေပြီးမှ ဟိုဘက်ပါသွားလည်းမဖြစ်သေးဘူး ဒိဘက်ပါသွားလည်းမဖြစ်သေးဘူး ယနေ့မှစပြီးခဲ့တဲ့ ယခင်က သင်ခန်းစာရှိဖူးတာပဲ ဥပမာကျွန်တော်တို့ပအိုဝ်းပါတီ ရွေးကောက်ပွဲပြီးတော့ ဟိုဘက်ကအားသာသွားပြီဆိုပြီး ဟိုဘက်ပါသွား မကြာခင် ဟိုတစ်ယောက်က သူချလို့ကျပြီဆိုပြီး နောက်ဟိုဘက်တစ်ယောက်စီထပ်သွားပြန်တော့ ကျွန်တော်တို့အတွက်ကျက်သရေမရှိ အဲလိုမျိုး ကျွန်တော်တို့မဖြစ်ဖို့က အမျိုးချစ်စိတ်နဲ့ လေးလေးနက်နက် ပြောချင်တာက အခုလောလောဆယ် လက်ရှိအရှုပ်ထွေးကာလကို နိုင်ငံရေးတိုင်းပြည်ရေးက မျက်စိရှိ မျက်စိနဲ့ကြည့် နားရှိ နားနဲ့နားထောင်အုံးမှ ကျွန်တော်ပြောချင်တယ်။ သူများစကားအယုံလွယ်လို့မဖြစ်ဘူး ကျွန်တော်တို့သတိနဲ့နေ၊ သတိနဲ့သွားသင့်တယ်၊၊ နောက်တစ်ခုက လက်ရှိလောလောဆယ် ပြည်သူပြည်သား နေထိုင်သည့်ရပ်ရွာတွေကို ကျွန်တော်တို့ ဘိုးစဥ်ဘောင်ဆက် စည်းမျဉ်း စည်းကမ်းအရနေထိုင်သွားသင့်တယ်၊ အဖွဲ့အစည်း တစ်ဖွဲ့ဖွဲ့ကအသုံးချခံရတာတွေ အင်အားအစုအဖွဲ့တစ်ခုခု အသုံးချခံရတာက တစ်နေ့တစ်ချိန်ကျရင် ကျွန်တော်မနေတတ် မထိုင်သာတော့လို့ရှိရင် အနာဂတ်သမိုင်းမှာ အဲကျမှ တို့ပအိုဝ်းသမိုင်းမလှပဲနေမှာပေါ့နော် အဲလိုပဲ ကျွန်တော်အနေနဲ့ စိုးရိမ်တယ် အဲကြောင့်ကျွန်တော်ပြောချင်တာကတော့ “လွတ်လွတ်ကင်းကင်းနေ ကိုယ့်ဘာသာကိုနေ ကိုယ့်ရပ်ရွာထဲဆိုလည်း သူခိုးဓားပြမဝင်လာဖို့ လူဆိုးလူမိုက်မဝင်လာနိုင်ဖို့ စည်းလုံးမှုအင်အား ညီညွှတ်မှုအင်အားနဲ့ ကိုယ်စီပြန်ထိန်းကြရမယ် ကိုယ်ကဟိုအဖွဲ့အားပေးလည်း ဖြစ်ချင်တိုင်းလည်းမရဘူး၊ ဒီအဖွဲ့ကိုအားပေးလည်း မဖြစ်ဘူးလေ။ လက်ရှိအခြေအနေနဲ့ဆို ကျွန်တော်ပြောချင်တာက စည်းလုံးမှုနဲ့ နေထိုင်သင့်ပြီးတော့ သူများအရှုပ်အထွေးတွေ ကင်းကင်းနေဖို့လိုသေးတယ်လို့ ကျွန်တော်မြင်တယ်၊၊

မေး။ ။ဗိုလ်မှူးပြောသလိုပဲ လက်ရှိမှာ ခိုင်ခိုင်မာရပ်တည်ဖို့ ဘယ်ဘက်မှမပါဖို့ပေါ့နော် ဆိုတော့ လက်ရှိပအိုဝ်းတွေအတွက် ဘယ်လိုမျိုး လုပ်သင့်လုပ်ထိုက်တယ်ဆိုတာမျိုးကိုကော ဗိုလ်မှူးဘယ်လိုမြင်ပါသလဲ?

ဖြေ။      ။ကျွန်တော်မြင်လာတဲ့အမြင်ကို ပြောရမယ်ဆိုရင် ခုခေတ်လူငယ်တချို့က အားမရနိုင်တာမျိုးလည်းရှိနိုင်ပါတယ် သို့သော်လည်း နည်းနည်းကြီးတဲ့လူတွေ ရှေ့နည်းနည်းပိုရောက်တဲ့လူတွေ ကျွန်တော်ပြောချင်တာက အခြေခံဖြစ်တဲ့အကြောင်းအရင်းနဲ့ အတိတ်ကသမိုင်းလည်းရှိတယ်။ အဲတော့အခြေခံနဲ့ ပကတိအခြေအနေတွေလည်းရှိတယ်ဆိုတော့ လက်ရှိကျွန်တော်တို့ပအိုဝ်းဟာ စကားကုန်ကုန်ပြောရရင် ကျွန်တော်တို့ကိုယ်ပိုင်ဖန်တီးခွင့်ရချင်တာ ပအိုဝ်းအခွင့်အရေးပဲ လိုချင်တော့ ကျွန်တော်တို့ လေးလေးနက်နက်နဲ့ နက်နက်ရှိုင်းရှိုင်း ဖြေးဖြေးတွေးပြီး စဥ်းစားစေချင်တယ်၊ ဘယ်လိုမျိုး နက်နက်ရှိုင်းရှိုင်းဖြေးဖြေးစဥ်းစားရမလဲဆိုရင် ကျွန်တော်တို့ကြည့်လာတာ လွှတ်လပ်ရေးရလာပြီးကတည်းက ယနေ့ဒီချိန်ထိ တိုင်းရင်းသားမှမဟုတ်ဘူး တိုင်းရင်းသားအချင်းချင်းရော၊ မြန်မာစစ်တပ်နဲ့ရော ခေတ်အဆက်ဆက်တိုက်ပွဲဖြစ်လာတာ နှစ်ပေါင်း ၇၀ ကျော်ကြာလာပါပြီ အဲမှာကျွန်တော်တို့ကြည့်တာ ဘာမြင်ရလဲဆိုတော့ တိုင်းရင်းသားလူနည်းစုရယူချင်တဲ့အခွင့်အရေး နည်း(၃)နည်းနဲ့သွားညီတယ် ယေဘုယျအားဖြင့် အဲလိုမြင်လာတယ်၊၊ နံပါတ်(၁)တိုက်ပြီးယူတာ ကိုယ့်အခွင့်အရေးယူမယ် ကိုယ့်လူမျိုးအခွင့်အရေးယူမယ်ဆိုပြီး တိုက်ယူတာ ကျွန်တော်တို့ကြည့်လာတာတော့ နှစ်ပေါင်း(၇၀)ကျော်ဟာ ကျွန်တော်တို့မြင်လာတာ ကိုယ့်လူမျိုး ကိုယ့်ရပ်ရွာ ပျက်စီးပြာကျကုန်တယ်။ ‌နေထိုင်တဲ့နေရာလည်း ပျက်စီးပျောက်ကုန်တယ် လူမျိုးရင်ဆိုလည်း လူဦးရေနည်းလာတယ် တချို့ကြလည်း တခြားပြည်ပနိုင်ငံခြားထွက်သွားလိုက်တာတွေ အဲလိုတွေရှိတယ်။ ဒါကနံပါတ်(၁) တိုက်ပြီးရယူလို့ အဲလိုဖြစ်တယ်။ အခွင့်အရေးရတာမမြင်ဖူးသေးဘူး၊၊ နံပါတ်(၂)ကဘယ်လိုလဲဆိုတော့ အာဏာရှင်နဲ့ပေါင်းတာတွေ တိုက်ထုတ်တဲ့အဖွဲ့နဲ့ပေါင်းတာတွေ အမှန်စကားကုန်အောင်ပြောရရင် သူများတပည့် သူများအစေခံ အဖြစ်ခံလိုက်တာမျိုး အဲလိုလုပ်ပြီးတော့ ကိုယ့်လူမျိုးအခွင့်အရေးကိုယူတာ အဲဒါကနံပါတ်(၂) ကျွန်တော်အမြင် နံပါတ်(၂)နည်းလည်းအဆင်မပြေဘူး သက်သေကလက်ရှိ ယနေ့တို့ကြုံတွေ့နေရတာတွေပေါ့ ကျွန်တော်တို့ ဘဝတစ်ခုလုံးကို သူများဆီအပ်လိုက်သလိုမျိုးပေါ့ အမှန်တကယ်ဖြစ်လာရင် သူများက ငါတို့ကိုကာကွယ်ပေးမယ် ဘာလုပ်ပေးမယ် သူများကိုစိတ်ချတာ။ တကယ်ဖြစ်လာတော့ တကယ်အခက်တွေ့တော့ ယနေ့မှာလို သူများကကိုယ့်ကိုကာကွယ်ပေးမယ်မပြောနဲ့ သူများကိုသူများကာကွယ်ဖို့တောင်မဖြစ်ဘူး အဲလိုဖြစ်တော့ ကိုယ့်လူမျိုး အခွင့်ရေးယူတာက သူများကျွန်အစေခံဖြစ်တာ အဆင်မပြေဘူး။ ဒါကျွန်တော်အမြင်ပါ၊၊ ပြီး‌တော့နံပါတ် (၃) ဒီနံပါတ်ကပြောရမယ်ဆိုရင် တည်ဆောက်ပြီးတော့ရယူတာနောက်ထပ်တစ်နည်းက ခြိမ်းခြောက်ပြီးရယူတာ အဲလိုပြောရမယ်ပေါ့။ အဲဒါက ဥပမာပြောရရင် အရှေ့မြောက်ပိုင်းသမားတွေက သူတို့တည်ဆောက်ပြီးရယူတာ သူများပေးလည်းရတယ်၊ မပေးလည်းရတယ် ပေးလည်းယူ မပေးလည်းယူ စာရွက်ပေါ်မှာ တရားဝင်ဝင် မဝင်ဝင် မြေပြင်အောက်မှာ တရားဝင်တယ်ဆိုပြီးတော့ သူတို့အခြေအနေကိုသူတို့တည်ဆောက်သွားတယ်။ အဲကြောင့် ယနေ့ဟာတို့အနောက်တောင်သမားက တစ်ပြည်လုံးပြောင်ကုန်ပြီ စစ်ပွဲတွေဖြစ်နေတယ် မီးလောင်လူသေအဲလိုဖြစ်နေတယ် အရှေ့မြောက်ဘက်ကတည်ဆောက်ပြီးယူတယ် ရှင်းရှင်းပြောရရင် အင်အားကြီးအောင်အရင်လုပ်ပြီးတော့ ခြိမ်းခြောက်ရယူတယ်။ လက်ရှိအချိန်ထိ သူတို့အဆင်ပြေနေတယ်လို့ ပြောရမယ် ကျွန်တော်ကအဲလိုမြင်တယ်။ ပြောရရင်လက်ရှိယခုအချိန်ကာလက ကျွန်တော်ပြောသလို အချက်သုံးချက်က လက်ခံနိုင်တဲ့သူရှိသလို လက်မခံနိုင်တဲ့သူလဲရှိနေမှာပဲ။ အခွင့်အရေးကိုယ်စီရှိကြတော့ ဓမ္မဓိဋ္ဌာန်ကျကျဆိုရင် ကျွန်တော်တို့အမြင်က ယခုချိန် ပုံစံနမူနာနံပါတ်သုံး သူများတည်ဆောက်ပြီးတော့ ရယူတဲ့ပုံစံ သူများလူသူများအစေခံ အဖြစ်မခံပဲနေရင်တော့ ကျွန်တော်တို့အမျိုးအတွက်အကျိုးရှိတယ်။ လက်ရှိရှုပ်ထွေးနေတဲ့ယခုအချိန်က ကျွန်တော်တို့ပြန်ပြုပြင်မယ် ပြန်စည်းရုံးမယ်ဆိုရင် ပိုလွယ်တယ်လို့ ကျွန်တော်ကအဲလိုမြင်တယ်၊၊

မေး။     ။လက်ရှိ ပအိုဝ်းတွေအဖွဲ့စုံတော့ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး ဒီအပေါ်မှာ ဗိုလ်မှူအနေနဲ့ထပ်ပြောချင်တာရှိပါသလား။

ဖြေ။      ။အဲ့တော့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့အဖွဲ့အစည်းစုံပေါ်မှာ တော်လှန်ရေး ဆရာ၊ ဆရာကြီးတို့ သွန်သင်ထားတဲ့စကားအဆုံးအမရှိတော့ တော်လှန်ရေးလုပ်ကိုင်ပြီဆိုတာက ပြောရရင်တချို့က မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက် ဦးတည်တယ်၊ တချို့အဖွဲ့က ကိုယ့်အဖွဲ့အတွက်ကိုပဲ ဦးတည်တယ်။ ဒီလိုဖြစ်တော့ မြန်မာနိုင်ငံတော် တစ်နိုင်ငံလုံးအတွက် ဦးတည်ထားတော့ပြီးခဲ့တဲ့ အရင်တုန်းက အများတွေလွတ် လပ်ရေးရပြီဆိုပြီးတော့ ကျွန်တော်တို့တိုင်းရင်းသားတွေအတွက်ပါလို့ ကျွန်တော်တို့မပြောနိုင်ဘူး၊ ရှိသမျှ သူတို့ပဲ အကုန်ပြန်ယူတယ်၊ သူတို့မမျှပေးဘူး တို့တိုင်းရင်းသားကို ဒါကသက်သေသာဓကတွေရှိတဲ့အတွက် ဆိုတော့ ကျွန်တော်တို့က သတိကောင်းကောင်းထားဖို့လိုတယ်၊ ကျွန်တော်တို့ စဉ်းစားရမယ်၊ အဲ့လိုဖြစ်တော့ ကျွန်တော်တို့အဖွဲ့အစည်းစုံတွေက လုပ်ကိုင်လုပ်နည်းတွေမတူဘူးဆိုရင်တောင်မှ ပအိုဝ်းလို့နမည်ခံယူရင် ဘာကိုလုပ်လုပ် ပအိုဝ်းအတွက်လုပ်တယ်လို့ပြောရင်တော့ သူမလိမ်ဘူးဆိုတော့ အရေးကြီးဆုံးက ပအိုဝ်းအချင်းချင်းက ခိုင်မာစွာရပ်တည်ခြင်း နေရာပုံပန်းတွေမတူတာကြောင့် အချင်းချင်း ရန်မခိုက်ဖို့ မဟန့်တားဖို့ မနှောင့်ယှက်ကြဖို့ ပြဿနာမစကြဖို့ ပဋိပက္ခမရှာကြဖို့ပါပဲ။ သူများကိစ္စပါဝင် ဆောင်ရွက်မတက်ခဲ့ရင်တောင် မနှောင့်ယှက်သင့်ဘူး၊ တို့ကိစ္စက သူများမပါဝင် မဆောင်ရွက်ဘူးဆိုရင် ကျွန်တော်တို့ပအိုဝ်းက ကောင်းနေပါပြီ၊ ပြီးတော့ ကျွန်တော်ဘယ်လို ပြောချင်လဲဆိုတော့ ဆရာ၊ ဆရာကြီးတို့ ပြောချင်တဲ့စကားက ဒီလိုပြောထားတယ်၊ အလုပ်တစ်ခုလုပ်ဆိုရင် ဒီလိုဥပမာပေးထားတယ်၊ သစ်ပင်တစ်ပင် လုပ်တာကို တောတစ်တောလုံးလုပ်တယ်လို့မြင်ရင် သစ်ပင်တစ်ပင်ထဲမြင်ပေးဖို့လိုတယ် အဓိပ္ပါယ်ကတော့ ပအိုဝ်းလူမျိုးတွေအတွက်လုပ်ပေးတယ် ဆိုပြီးတော့ တို့ကတခြားနေရာမှာရပ်ပြီးတော့ တစ်ပြည်လုံးအရေးလုပ် သွားတဲ့အတိုင်း ကျွန်တော်တို့ပအိုဝ်းအမျိုးတွေ မမေ့ရဘူး၊ ကျွန်တော်တို့ပအိုဝ်းအတွက်လုပ်နေတယ်ဆိုရင် တစ်ပြည်လုံးအတွက် ထိထိရောက်ရောက်မြင်တတ်ဖို့လိုတယ်၊ မမြင်တတ်လို့မရဘူး၊ ကျွန်တော်တို့က အဲ့လိုရှိဖို့ လိုတယ်ဆိုတော့ လေးလေးနက်နက်ပြောချင်တာက ပအိုဝ်းအဖွဲ့ပေါင်းစုံတွေရှိနေတာက ပအိုဝ်းနယ်မြေခံယူပြီ ဆိုရင် ပအိုဝ်းလူမျိုး ပအိုဝ်းအမျိုးအတွက် အကျိုးရှိစေဖို့က ကျွန်တော်တို့လုပ်ဆောင်သင့်တယ်ဆိုတော့ ပအိုဝ်းအချင်းချင်း လူမျိုးအချင်းချင်းအတူတူမို့ အချင်းချင်းချစ်ကြဖို့လိုတယ်၊ နိုင်ငံရေးအယူဝါဒမတူတော့ တိုက်လိုက်ရတယ်၊ ပစ်လိုက်ကြရတယ်၊ အဲ့လိုမဖြစ်ဖို့က သတိကြီးကြီးနဲ့ယူပြီးတော့ ဒီအဖွဲ့အချင်းချင်းတွေက တူတယ်ဆိုပေမယ့် အတူတူလုပ်လို့မရရင် သူ့ဘာသာသူကိုယ်စီလုပ်ကြဖို့လိုတယ်၊ အပြန်အလှန်အုပ်ချုပ်မှု ပေးမယ်ဆိုရင် ပအိုဝ်းအဖွဲ့အချင်းချင်းအားလုံးက အဆင်ပြေကြမှာပါလို့ပြောချင်တယ်။

မေး။     ။ ဗိုလ်မှူးအနေနဲ့ဘယ်လိုဖြည့်စွက်ပြီးထပ်ပြောပြချင်သေးလဲ။

ဖြေ။      ။ကျွန်တော်ပြောသွားတာလည်း အတော်များသွားပြီ ရှုပ်ထွေးနေတဲ့အခုချိန်ကာလမှာ ပအိုဝ်းတိုင်းရင်းသားတစ်ယောက်ချင်းစီတိုင်းကသော်လည်းကောင်း၊ အဖွဲ့တစ်ဖွဲ့ချင်းစီကသော်လည်းကောင်း အားလုံးအယောက်စီတိုင်း ကျွန်တော်တို့ရဲ့ မြင်နေရတဲ့မျက်လုံးနဲ့ကြည့်ပါ။ နားရှိနားနဲ့ နားထောင်ကြပါ ငဝ်းယွုမ်းယိုအကျိုပေးငါ” ယုံလွယ်စကားအကျိုးမများဆိုတော့ သူများစကားကို အယုံကြည်မလွယ်သင့်ဘူး ဥပမာ သူများက ကျွန်တော်တို့နမ်းနိန်းမှာ သတ်နေပြီ ကျွန်တော်တို့က ကံကံ၏အကျိုးကိုယုံကြည်ကြတာကြောင့် ဗုဒ္ဓဘာသာအရ ဘယ်သူပဲလုပ်လုပ် ထပ်တူအကျိုးခံရမှာပဲ ဟိုလူလုပ်တယ်၊ ဒီလူလုပ်တယ်လို့ကျွန်တော်တို့မပြော တော့ဘူး ပြောရင်လည်း ပဋိပက္ခပိုကြီးလာဦးမယ် ဒါကြောင့် ကျွန်တော်တို့ထိန်းပြီးဆင်ခြင်ကြဖို့ အဲ့တော့ အခုမှာ ကျွန်တော်တို့ ခုကစပြီးသူများက အဲ့လိုထပ်လုပ်လို့မရအောင် သတိထားဖို့လိုတယ် သူများက ထ လို့ပြောရင် မထ ဖို့၊ ထိုင်ဆိုလည်း မထိုင်ချဖို့၊ ကျွန်တော်တို့ကိုယ်တိုင်ပဲရပ်တည်ပြီး ကိုယ်တိုင်ကြိုးစားကြဖို့လိုတယ်လို့ ကျွန်တော် ဒီလိုပဲ ထပ်ပြောချင်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *