.
ခမ်းသားငေါဝ်း၊ မတ်လ ၂၆၊ ၂၀၂၃
ဓနုလူမျိုးစုအပေါ် အခြေခံသော ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ (DNOP) ၊ ဓနုတိုင်းရင်သားလူမျိုးများ
ဒီမိုကရေပါတီ (DNDP)ပါတီ၂ခုစလုံးတို့သည် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များလာရောက်လျောက်ထားလျက်ရှိနေကြောင်း သိရသည်။
စစ်ကောင်စီ ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပန်းလာသည့် အချိန်မှစ၍ ယနေ့အချိန်ထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျောက်ထားသည့် ပါတီ ၈ ပါတီရှိပြီး နိုင်ငံရေးပါတီများ မှပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျောက်ထားသောပါတီ ၄၄ ပါတီဖြစ်ပြီး စုစုပေါင်း ၅၂ ပါတီရှိကြောင်း သိရှိရပါသည်။
ထို့နောက် ၄င်း ၅၂ ပါတီတွင် ပြည်တောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၁၂ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌ စည်းရုံးမည့်ပါတီ ၄၀ပါတီဖြစ်ကြောင်း စစ်ကောင်စီထုတ်မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ထားသည်။
ဓနုဒေသအတွင်း ပြည်သူများ၏ ဆန္ဒသဘောထားများကို မျက်ကွယ်ပြုကာ ဓနုပါတီဦးဆောင်သူများ ၏ဆန္ဒသဘောထားသာ အလေးထားတည်ထောင်ထားသောပါတီဟု ထင်မြင်ချက်များလည်းရှိသည်။
ဓနုလူမျိုးအပေါ်အခြေခံဖွဲ့စည်းထားသည့် ဓနုပါတီနှစ်ခုစလုံးမှ သက်ဆိုင်ရာ အဖွဲ့အစည်းအမည်ဖြင့် ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်းသိရသည်။

You missed