ခမ်းသားငေါဝ်း၊ မတ်လ ၂၁ ၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက်ရှိဗန်းမောက်ရွာသို့ စစ်ဘေးထွက်ပြေးတိမ်းရှောင်လာရသည့် ပြည်သူဦးရေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး လက်ရှိအချိန်ထိအလှူရှင်များမရှိသည့်အတွက် အခက်အခဲများစွာရှိနေကြောင်းသိရသည်။
ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တပ်ဖွဲ့နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများ နေ့စဉ် တိုက်ပွဲပြန်းထန်စွာ ဖြစ်ပွားနေသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများစွာရှိ နေကြောင်းသိရသည်။
“ပင်လောင်းမြို့အနီးတစ်ဝိုက်က မများပေမယ့် ကျွန်တော်တို့ရွာရောက်လာသည်စစ်ရှောင်တွေအတော်ခက်ခဲနေတယ် အလှူရှင်တွေမရှိသေးဘူး ခုချိန်ထိ ကျွန်တော်မှာရှိတဲ့ဆန်တွေနဲ့မလောက်မငှနည်းနည်းစီတော့ဝေပေးလိုက်ပါတယ် ခုလည်းထပ်ရောက်လာတာရှိနေတယ်”ဟုဗန်းမောက်ဒေသခံတစ်ဦးကပြောသည်။
ဗန်းမောက်ကျေးရွာအတွင်း စစ်ရှောင်အဟောင်းဦးရေ(၆၀၀)နှင့် အသစ်ထပ်ရောက်လာစစ်ရှောင်ဦးရေ(၁၅၀)ကျော် ရှိနေကြောင်းသိရသည်။
ဗန်းမောက်ရွာရှိ စစ်ဘေးရှောင်များနေထိုင်ရာနေရာတွင် တစ်ကိုယ်ရည်သုံးများအစလိုအပ်မှုရှိနေသည်။
ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ကမ္ဘာလုံးတစ်ဝှမ်း အစိုးရများက ပြစ်တင်ရှုတ်ချခဲ့ပြီးဖြစ်ကြောင်းသိရသည်။
#004
#ဗန်းမောက်
#ပင်လောင်း