ခမ်းသားငေါဝ်း
မတ်လ ၂၂၊ ၂၀၂၃

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နမ်းနိန်းးကျေးရွာတွင် အရပ်သားပြည်သူများကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုဖြစ်စဥ်နှင့် ပတ်သက်ပြီး ကရင်နီအရပ်ဘက် အဖွဲ့အစည်းများက အပြင်းအထန်ရှုံ့ချကန့်ကွက်ကြောင်း မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊

ယခင်မတ်လ ၁၁ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်ရေးတင်းမာမှုကြောင့် ဘုန်းကြီး ၃ ပါး အပါအဝင် အရပ်သား ၂၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောဆိုသည်၊၊

မြန်မာနိုင်ငံတစ်ဝန်းတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပဋိပက္ခနှင့် လူ့အခွင့်အရေးချိုးဖောက်မှု ခံနေရသော ပြည်သူများ၊ စစ်ရေးတင်းမာမှုကို ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ အကြပ်အတည်းများ အပါအဝင် ပြည်သူများနှင့် ညီနောင်သားချင်း အပါ ပြည်တွင်းပြည်ပ ကရင်နီအရပ်ဘက် အဖွဲ့အစည်းများသည် တစ်သားတည်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အချက်အလက်တွင် ဖော်ပြထားသည်၊၊

နိုင်ငံရေးအကြပ်အတည်းကာလအတွင်း ကရင်နီပြည်မှ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်ပြည်သူများကို လှိုက်လှဲနွေးထွေးစွာဖြင့် ဖေးမကူညီလျက်ရှိသော အိမ်နီးချင်းပြည်နယ်မှ ညီနောင်တိုင်းရင်းသားဖြစ်ကြသည့် ပအိုဝ်း၊ ရှမ်းနှင့် အခြားသော ညီနောင်သွေးချင်းများကို ကရင်နီအရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ကရင်နီပြည်သူလူထုကိုယ်စား အထူးကျေးဇူးတင်ကြောင်း ပြောဆိုထားသည်။

ထို့အပြင် ပင်လောင်းမြို့နယ် နမ်းနိန်းရွာတွင် ဖြစ်ပွားခဲ့သော စစ်အုပ်စုမှ အရပ်သားပြည်သူများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့်ဖြစ်စဥ် အခြေအနေ အရပ်အရပ်မှ ဘက်လိုက်မှုကင်းစွာ သုံးသပ်ရပ်တည်ပေးခဲ့သည့် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC ၏ မတ်လ၁၄ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ကြေငြာချက်အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
#008
#ပင်လောင်း
#နမ်းနိန်း
#ကရင်နီ

Leave a Reply

Your email address will not be published. Required fields are marked *