ခမ်းသားငေါဝ်း
မတ်လ ၆၊ ၂၀၂၃

ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဝါးပြုံးကျေးရွာသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများ အခြေခံစားနပ်ရိက္ခာ၊ ရေနှင့် နေထိုင်စရာ အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသေးကြောင်း မတ်လ ၆ ရက်နေ့က သိရသည်။

စစ်ဘေးတိမ်းရှောင်လာသူများသည် တစ်ပတ်ကြာမြင့်နေပြီဖြစ်ပြီး ရေရှည်စစ်ရှောင်နေရလျှင် ရေလုံလောက်ရန်အတွက်နှင့် ကျန်းမာရေ စောင့်ရှောက်မှု များလိုအပ်နေကြောင်း သိရသည်။

” စစ်ဘေးရှောင်ပြည်သူက လောလောဆယ် လူဦးရေ ၂၀၀ လောက် အဲနေရာမှာ ရှိနေတယ် အဓိကတော့ ရာသီဥတုကကျွန်တော်တို့ဖက် ပိုအေးနေသေးတယ် စောင်တွေ အနွေးထည်တွေလိုအပ်နေတယ် တိုက်ပွဲက ရုတ်တရက်ဖြစ်ပွားတော့ ဘာအသုံးအ ဆောင်တွေ သူတို့မယူခင်တော့ဘူး ထွက်ပြေးတိမ်းရှောင်လာကြတာ” လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

ပင်းလောင်းမြို့နယ် အတွင်းတွင် စစ်ဘေးလာရောက်တိမ်းရှောင်ပြည်သူ စုစုပေါင်းခန့်မှန်း ၂၀၀၀ ကျော်ရှိနေကြောင်းလည်း ၄င်းကပြောပါသည်။

စစ်ဘေးလာရောက်တိုင်းရှောင်နေရသူများသည် ဆောင်းပြောင်းကျေးရွာ၊ တောင်လေးကျေးရွာ ဝန်းကျင်နှင့် လုံးပျဥ်-တောင်မဲသင်းတို့ဘက်မှ လာရောက်တိမ်းရှောင်နေသူတွေလည်း ရှိနေပြီး လက်ရှိကျေးရွာဘုန်းကြီးကျောင်းများတွင် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

photo ယိန်းယံ

By admin

Leave a Reply

Your email address will not be published. Required fields are marked *