ခမ်းသားငေါဝ်း
မတ်လ ၅၊ ၂၀၂၃

တိုက်ပွဲဖြစ်ပွားသောနေရာဒေသတွေမှာ အရပ်သားသေဆုံးမှုများလာသောကြောင့် လက်နက်ကြီးရန်နှင့် လေကြောင်းတိုက်ခိုက်မှုတို့အကာအကွယ်ဖြစ်စေသော ဗုံးခိုကျင်းများ ပြုလုပ်ထားရှိရန်နှင့် ပြုလုပ်ပုံအဆင့်ဆင့်တို့ လိုအပ်လျက်ရှိနေပါသည်။

မတ်လ ၄ရက်နေ့တွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)မှ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှု ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ရန် အချက်၉ချက်ထုတ်ပြန်ခဲ့ပါသည်။

၁။ မိမိ၏ စစ်ရှောင်သည့်နေရာ သို့မဟုတ် တောင်စောင်းများတွင် ဗုံးခိုကျင်းများတူးထားရန်။
၂။ ဗုံးခိုကျင်းများကို အနည်းဆုံး အနက် ၅ ပေနှင့် လူဦးရေအလိုက်အကျယ်ကိုတူးပါ။
– ကောင်းမွန်သည့်အကာအကွယ်ရရှိရန် အချင်းတစ်ပေခန့်ရှိသော သစ်လုံး၊ တုံးများဖုံးအုပ်ပါ။
– နေရာမရွေ့စေရန်သစ်လုံး၊ တုံးများကို သံကြိုး ၊ သွပ်နန်းကြိုးများဖြင့်တွဲချည်ပါ။
– ထိုနောက် သစ်လုံး၊တုံးများပေါ်သို့ မိုးကာ ၊ ပျဥ်ပြားတို့ဖြင့်ဖုံးအုပ်ပြီး အနည်းဆုံးမြေအိတ် သို့မဟုတ် မြေများကို ၂ ပေအထက်မြေဖို့ပေးရန်။
၃။ တွင်းထဲသို့ အသင့်ဝင်ပုန်းနိုင်ရန်နှင့် အဝင် အထွက်အဆင်ပြေစေနိုင်ရန် မြောင်းတစ်ခုပြုလုပ်ရန်။
၄။ သောက်သုံးရေ၊ရိက္ခာခြောက်၊ ဆေးဝါးများ၊ ဓာတ်မီး၊ မီးခြစ်၊ ဖုန်း၊ ပါဝါပန့်၊ အဝတ်အထည်စောင်များ အရေးကြီးသော စာရွက်စာတန်းများကို မိမိတို့နင့်အတူ တစ်ပါတည်းပြင်ဆင်ထားရှိရန်။
၅။ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်၊ အသိပေးချက်များကို အထူးဂရုပြုလိုက်နာဆောင်ရွက်ရန်။
၆။ တိုက်လေယာဥ် အသံကြားပါက (သို့မဟုတ်) တွေ့ရှိပါက ဗုံးခိုကျင်းများအတွင်းသို့ အမြန်ဆုံးပုန်းရှောင်ကြရန်။
၇။ အကာအကွယ်မဲ့သည့် လမ်းပေါ်နှင့်ဟင်းလင်း ပြင် များမြင်ကွင်းထင်ရှားသည့်နေရာများသို့ ထွက်ကြည့်ခြင်းများကို ရှောင်ကြဥ်ကြရန်။
၈။ တိုက်ပွဲဖြစ်ပွားနေသော ကာလအတွင်းမလိုအပ်ပဲ သွားလာလှုပ်ရှားမှုများမပြုလုပ်ကြရန်နှင့် လုံခြုံရေးသတိဖြင့် ဘေးကင်းလုံခြုံသော နေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြရန်။
၉။ မိမိတို့နေထိုင်ရာ နီးစပ်ကျေးရွာအုပ်စုများ၊ရပ်ကွက်များ ၊ မြို့နယ်များအတွင်း ပိတ်မိနေသူများကို တွေ့ရှိပါက လူသားချင်းစာနာမှုဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်နေသည့်အသင်းအဖွဲ့များကို ချက်ချင်းဆက်သွယ်အသိပေးကြပါရန် တိုက်တွန်းနိုးဆော်ထားခြင်းဖြစ်ပါသည်။

ဖေဖော်ဝါရီလအတွင်းမှာ စစ်ကောင်စီလက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးသူငယ် များအပါအဝင် လက်နက်ကိုင်ပါဝင်ခြင်းမရှိသည့် အရပ်သားပြည်သူ ၈ ဦးအထိသေဆုံးခဲ့ရပြီး၊ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရပါသည်။

ရှမ်း -ကယားနယ်စပ်တွင် လက်ရှိကာလအခြေအနေမှာ စစ်ရေးအရှိန်မြင့်မားလာသည့်အခြေအနေများအပြင် စစ်ဘေးရှောင်းများ အရပ်သားပြည်သူများကလည်း သေဆုံးမှုပိုမိုများသောအခြေအနေများလည်းရှိနေကြောင်းသိရသည်။

#PPV-006
#ဗုံးခိုကျင်း

By admin

Leave a Reply

Your email address will not be published. Required fields are marked *