Month: March 2023

စစ်ရှောင်စခန်းမှာပဲ အနာဂတ်အတွက် ဆက်လက်ရှင်သန်‌နေရဦးမယ့် သမီးငယ်

——————— ခမ်းသားငေါဝ်း၊ မတ် ၃၀၊ ၂၀၂၃ ကရင်နီပြည်နယ်အတွင်းက စစ်ပွဲတွေနဲ့ ရှမ်း-ကယားနယ်စပ်က တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းမှာ စစ်ရှောင်ဦးရေ ထောင်နဲ့ချီပြီး ယနေ့အထိရှိနေပါတယ်။ စစ်ရှောင်အချို့နေရပ်ပြန်သွားတာရှိပေမယ့် ကလေးမိခင်တွေကတော့ လုံခြုံရေးအတွက်စိုးရိမ်နေရလို့ မပြန်နိုင်ကြသေးပါဘူး။ သူမနမည်က မဦးမျာပါ၊…

NLD နှင့် SNLD ပါတီအပါအဝင် မှတ်ပုံတင်ခြင်းမရှိသောပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ကြေညာ

———————- ခမ်းသားငေါဝ်း မတ်လ ၂၉ ၊ ၂၀၂၃ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD)ပါတီတို့အပါအဝင် ပါတီပေါင်း ၄၀ တို့ကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုနှင့် ရွေးကောက်ပွဲကော်မရှင်က ပါတီများဖျက်သိမ်းကြောင်း မတ်လ…

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေအခက်ခဲမျိုးစုံကြုံနေရပြီး လူ့အခွင့်အရေး ဆုံးရှုံးနေ

………………….. ခမ်းသားငေါဝ်း “မြန်မာနိုင်ငံကအစိုးရမကောင်းတော့ ကျနော်တို့ကိုလည်း ထိုင်းအစိုးရကအရေးမထားဘူး ကျနော်တို့မြန်မာနိုင်ငံသားတွေကို လမ်းဘေးကတိရိစ္ဆာန်လောက်ပဲသဘောထားတယ် လူ့အခွင့်အရေးလား ဒီမှာဘာမှမရှိဘူး မြန်မာကဆိုရင် ခွေးတစ်ကောင်လောက်တောင် တန်ဖိုးထားမခံရဘူး” လို့ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ လူငယ်တစ်ဦးကပြောပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှ ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများအဖို့ အလုပ်သမားကဒ်လျှောက်တဲ့အခါမှာ…

အင်းလေးတွင် ငွေကြေး သိန်းပေါင်း၈ထောင်လိမ်လည်မှု ထပ်မံဖြစ်ပွား

ခမ်းသားငေါဝ်း မတ် ၂၈ ၊ ၂၀၂၃ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဖောင်တော်ဦးအနီးတစ်ဝိုက်ကျေးရွာများတွင် ငွေကြေးသိန်းပေါင်းရှစ်ထောင်လိမ်လည်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း မတ်လ၂၈ရက်နေ့တွင် ဒေသခံပြောပြချက်အရ သိရှိရသည်၊၊ သာလေးကျေးရွာအုပ်စု ဖောင်တော်ဦးနမ့်ဟူးရွာတွင်နေထိုင်သော ဖိုးတွဲ(ခ)အောင်နိုင်ဝင်းဆိုသူကငွေတစ်သိန်း ထည့်ပါက တစ်ရက်လျှင်အတိုး ၃၀၀၀ကျပ်ပေးမည်ဖြစ်ကြောင်း ဒေသခံများကိုလိမ်လည်ခြင်းဖြစ်သည်။…

ပင်လောင်းမြို့နယ် နန်းနိမ်းရွာက ဖြစ်ပွားခဲ့သည့် အသတ်ခံရမှုကိစ္စနဲ့ပတ်သတ်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ် ခွန်သူရိန် တွေ့ဆုံမေးမြန်း

ခမ်းသားငေါဝ်း၊ မတ် ၂၉၊ ၂၀၂၃ မေး။ ။ပင်လောင်းမြို့နယ် နမ်းနိန်းရွာက ဖြစ်ပွားခဲ့သည့် အသတ်ခံရမှုကိစ္စနဲ့ပတ်သတ်ပြီး အဲဒီအပေါ်ဗိုလ်မှူးအနေနဲ့ ဘယ်လိုပြောချင်တာရှိလဲ? ဖြေ။ ။အဲဒီကိစ္စကို ဒီချိန်မှာပြောရမယ်ဆိုရင် နှုတ်ကပြောချင်တဲ့အတိုင်းပြောလို့မရဘူး။ သိကြတဲ့အတိုင်းဆိုပေမယ့် ပြောလို့မဖြစ်ဘူး ဒီလိုဖြစ်ပြီးနောက်မှာတော့ ကျန်ခဲ့တဲ့ ကျွန်တော်တို့…

စစ်ကောင်စီ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲတွင် ဓနုပါတီ ၂ ခုစလုံး နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များလျောက်ထား

. ခမ်းသားငေါဝ်း၊ မတ်လ ၂၆၊ ၂၀၂၃ ဓနုလူမျိုးစုအပေါ် အခြေခံသော ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ (DNOP) ၊ ဓနုတိုင်းရင်သားလူမျိုးများ ဒီမိုကရေပါတီ (DNDP)ပါတီ၂ခုစလုံးတို့သည် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များလာရောက်လျောက်ထားလျက်ရှိနေကြောင်း သိရသည်။ စစ်ကောင်စီ ရွေးကောက်ပွဲပြုလုပ်ရန်…

စစ်အာဏာရှင်၏ လေယာဉ်လောင်စာဆီအဝယ်တော်နှင့် စစ်တပ်ခရိုနီများကို အမေရိကန် ထပ်တိုးဒဏ်ခတ်

– ခမ်းသားငေါဝ်း၊ မတ်လ ၂၅ ၊၂၀၂၃ မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ ကြမ်းကြုတ်ရက်စက်မှုကြောင့် လေယာဉ်လောင်စာဆီအဝယ်တော်များနှင့် စစ်တပ်ခရိုနီများကို အမေရိကန်က ထပ်တိုးဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများပြုလုပ်ကြောင်း အမေရိကန်သံရုံးမှ မတ်လ ၂၄ရက်တွင် ထုတ်ပြန်ထားသည်။ မြန်မာပြည်သူများ၏ ဒီမိုကရေစီလိုလားတောင့်တမှုကို အပြင်းအထန်ထိုးနှက်တိုက်ခိုက်နေသည့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု…

တောင်ကြီးအတက်လမ်း စစ်ဆေးဂိတ်တွင် ယဥ်မောင်းများကို တားဆီးစစ်ဆေးပြီး ငွေတောင်းခံမှု ရှိနေ

ခမ်းသားငေါဝ်း မတ်လ ၂၃ ၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အတက်လမ်းတွင်ရှိသော စစ်ကောင်စီစစ်ဆေးဂိတ်တွင် လမ်းဖြတ်သွားသောဆိုင်ကယ်နှင့်ယဥ်မောင်းများကို တားဆီးစစ်ဆေးပြီး ငွေတောင်းနေသည်မှာ နှစ်လ နီးပါးရှိနေပြီဖြစ်ကြောင်းမတ်လ ၂၃ ရက်နေ့တွင် သိရှိရပါသည်။ တားဆီးစစ်ဆေးရာတွင် ကိုဗစ်လက်မှတ် ၊နိုင်ငံသားစီစစ်ရေးကပ် (မှတ်ပုံတင်)၊ မောင်းလိုင်စင်၊…

နမ်းနိန်းရွာအရပ်သားပြည်သူများ သတ်ဖြတ်မှုဖြစ်စဥ်နှင့်ပတ်သတ်ပြီး ကရင်နီအရပ်ဘက်အဖွဲ့အစည်းများက အပြင်းအထန်ရှုံ့ချ

ခမ်းသားငေါဝ်း မတ်လ ၂၂၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နမ်းနိန်းးကျေးရွာတွင် အရပ်သားပြည်သူများကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုဖြစ်စဥ်နှင့် ပတ်သက်ပြီး ကရင်နီအရပ်ဘက် အဖွဲ့အစည်းများက အပြင်းအထန်ရှုံ့ချကန့်ကွက်ကြောင်း မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊…

ဗန်းမောက်ရွာသို့ စစ်ဘေးရှောင်နေရသည့်ပြည်သူများ အလှူရှင်မရှိသဖြင့် အခက်အခဲများကြုံတွေ့

ခမ်းသားငေါဝ်း၊ မတ်လ ၂၁ ၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက်ရှိဗန်းမောက်ရွာသို့ စစ်ဘေးထွက်ပြေးတိမ်းရှောင်လာရသည့် ပြည်သူဦးရေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး လက်ရှိအချိန်ထိအလှူရှင်များမရှိသည့်အတွက် အခက်အခဲများစွာရှိနေကြောင်းသိရသည်။ ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တပ်ဖွဲ့နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများ နေ့စဉ် တိုက်ပွဲပြန်းထန်စွာ ဖြစ်ပွားနေသည့်အတွက်…