ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃

ထိုင်းနိုင်ငံသို့ MOUစနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာရွေ့ပြောင်းလုပ်သားများဖြစ်သော ပင်လောင်းဒေသခံ ပအိုဝ်းတိုင်းရင်းသားနှစ်ဦး မဲဆောက်တွင် ကားမှောက်သေဆုံးခဲ့သည့်အတွက် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ထိုင်းအစိုးရမှ အာမခံ နစ်နာကြေးပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူ နှစ်ဦး၏မိသားစုဝင်များက ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မြဝတီအမှတ် ၁ တံတားမှ နယ်စပ်ဖြတ် Border Pass စာအုပ်လျှောက်ကာ ကိုးဗစ်ကာကွယ်ဆေးထိုးပြီးနောက် ထိုင်နိုင်ငံ မဲဆောက်သို့ သွားရောက် ရယူခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားသူတစ်ဦးအတွက် ထိုင်းဘတ်ငွေ ၁၀၅၀၀၀၀၊ မြန်မာငွေကျပ်သိန်းပေါင်း တစ်ထောင်နီးပါး နစ်နာကြေးပေးအပ်ခဲ့ကြောင်းသိရသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၂၉ ရက်နေ့ည ၉ နာရီကျော်အချိန်တွင် MOUစနစ်ဖြင့်ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်လုပ်မည့် လုပ်သားများလိုက်ပါလာသောကားသည် မဲဆောက်–ဘန်ကောက်လမ်းပိုင်း တာ့ခ် ကီလိုမီတာ ၆၈ အနီးတွင် ကားအရှိန်မထိန်းနိုင်ပဲ လမ်းဘေးသို့ထိုးကျကာ ကာပေါ် ပါလာသူ ပင်လောင်းဒေသခံနှစ်ဦးအပါအဝင် သုံးဦးသေဆုံးသွားပြီး အားလုံးနီးပါးဒဏ်ရာကိုယ်စီရရှိခဲ့ခြင်းဖြစ်သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *