ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းယနေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက်အစောတွင် ရာသီအချိန်မခါမဟုတ်ပဲ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများပါကြွေကျကြောင်း သိရသည်၊၊
ဆောင်းအကုန်နွေအကူး ရာသီအပြောင်းအလဲချိန်ခါတွင် မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် စိုက်ပျိုးပင်အချို့ ပျက်စီးခဲ့ကြောင်း ပင်လောင်းဒေသခံ နန်းသီတာကပြောသည်၊၊
” မနေ့ကတော့မရွာဘူး ဒီမနက်အစောမှရွာတာ မိုးအရမ်းကြီးတယ် လေလည်းတိုက်တယ် မှောင်မဲနေတာပဲ မိုးခဏနားတုန်းခြံသွားကြည့်တာ ခရမ်းချဉ် ပင်တွေ မုန်လာပင်တွေပျိုးထားတာလဲ ပျက်စီးကုန်တယ် မိုးကြီးပြီး မိုးသီးပါကျတော့ ပျက်စီးကုန်တယ် မိုးတွင်းမဟုတ်တော့ မိုးရွာမယ်မထင်ဘူးလေနော်” ဟု၎င်းကဆက်ပြောသည်၊၊
အချိန်အခါမဟုတ်ပဲ မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများထပ်မံကြွေကျပါက စိုက်ပျိုးသီးနှံများ ဆုံးရှုံးနိုင်ကြောင်း ပင်လောင်းဒေသခံတစ်ဦးကဆိုသည်၊၊
ရှမ်းပြည်နယ်တွင်း အင်းလေး၊ ပင်လောင်း၊ နောင်တရား၊ တောင်ကြီး၊ ပင်းတယနှင့် အချို့ကျေးရွာများတွင်လည်း နေရာကွက်ကြားမိုးရွာသွန်းမှုရှိကြောင်းသိရသည်၊၊

By admin

Leave a Reply

Your email address will not be published. Required fields are marked *