ခမ်းသားငေါဝ်း
ဖေဖော်ဝါရီလ ၁၅၊ ၂၀၂၃

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ဗန်းမတ်ကျေးရွာအုပ်စု ထီတဖြေ့ကျေးရွာတွင် မွေးကင်းစ ကလေးငယ်တစ်ဦး ချက်ကြိုးမှတဆင့် ရောဂါပိုးဝင်ပြီး‌ ဖေဖော်ဝါရီ ၁၄ ရက်‌နေ့၌ အသက်‌သေဆုံးခဲ့ရကြောင်း သိရသည်။
ထီတဖြေ့ကျေးရွာတွင်မွေးကင်းစ ကလေးငယ်တစ်ဦးက လက်သည်ဖြင့်မွေးပြီး ချက်ကြိုးဖြတ်ရာတွင် ပိုးဝင်၍ သေဆုံးသွားကြောင်း သိရသည်။
၄င်းမွေးကင်းစကလေးငယ်က အိမ်တွင်တစ်ပတ်ကြာကူသမှုပြုလုပ်သော်လည်း မသက်သာသဖြင့် ဗန်းမတ်ရွာရှိ PHWC ဆေးခန်းသို့ လာရောက်ပြသခဲ့ပြီး ဆေးခန်းမှတစ်ဆင့် တောင်ကြီးဆေရုံသို့ဖေဖော်ဝါရီ ၁၄ ရက်က ပို့ဆောင်ကာ လမ်းတွင် သေဆုံးသွားကြောင်း သိရသည်။
“လက်သည်နဲ့ မွေးတယ်၂၃ ရက်ပဲ ရှိသေးတယ် အိမ်မှာပဲ ကြိတ်ကု‌နေတာ၇ ရက်ရှိပြီ နောက်ဆုံးမှ ဆေးခန်းရောက်လာတယ်အဖျားတက်တယ် ဗိုက်တင်းနေတယ် အူသံ မကြားတချက် ကြားတချက် ဆေးခန်းမှာ ဘယ်လိုမှ မနိုင်ဘူးဆေးရုံကြီးကို လွဲရတယ်။ ပြောချင်တာက ရောဂါ ဖြစ်ဖြစ်ချင်း ဆေးခန်းပြကြပါ တစ်ခုခုဖြစ်ရင် ဆေးခန်းကိုသွားပါ အိမ်မှာ ကြိတ်မကုပါနဲ့ “ဟု PHWC(ပအိုဝ်းဒေသ ကျန်းမာရေးဖော်ဆောင်ရေးကော်မတီ) အဖွဲ့က ကတာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းသတင်းဌာနသို့ပြောသည်။
ထိုအပြင် ပအိုဝ်းတိုင်းရင်းသားဒေသတွင် အလားတူ ဆေးမြီးတိုကလေးမွေးသည့်ကိစ္စနှင့်ပတ်သက်ပြီး အသက်ဆုံးရှုံးမှုများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသရှိ ကျေးရွာများတွင် ရွာတွင်းဆေးခန်းမရှိခြင်း ၊ဆေးခန်းဆေးရုံနှင့်ဝေးကွာခြင်း၊ကျန်းမာရေးအသိပညာ အားနည်းသည့်အတွက် အသက်ဆုံးရှုံးမှု မကြာခဏဖြစ်ပွားရကြောင်း သိရသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *